မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း တူမီးသေနတ် ၃ လက်ပိုင်ရှင်မဲ့ တွေ့ရှိ

မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း တူမီးသေနတ် ၃ လက်ပိုင်ရှင်မဲ့ တွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း ဆင်မုဆိုးများစခန်းချ သည်ဟုယူ ဆရသည့် နေရာမှာ တူမီးသေနတ် ၃ လက်တွေ့ရှိခဲ့သည်ဆိုမှု မေ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ငပုတောမြို့နယ်၊ မြစ်တစ်ရာသစ်တောကြိုးဝိုင်း အကွက် အမှတ် (၁၉၇) ဒေသခေါ်(ကျောက်ဂူတောင်ကျော)အနီး၌ ပူးပေါင်းအဖွဲ့ဝင်များက နယ်မြေရှင်း လင်း ရေးဆောင်ရွက်ခဲ့သည်။

အဆိုပါတောအတွင်း ဆင်မုဆိုးများစခန်းချသွားသည်ဟုယူဆရသောနေရာ၌ ပလတ် စတစ်အိတ်ဖြင့် အုပ်ကာ ပျဉ်ချပ်များဖြင့် ဖိထားသော တူမီးသေနတ် ၃ လက် ဆင်ပစ်သံမြှားအကြီး ၂ ခု၊ ဆင်ပစ်သံမြှား အသေး ၇ ခု၊ အသွား ၂ လက်မခွဲခန့်ရှိ အရိုးမပါ ရဲဒင်း ၁ လက်၊ အရှည် ၈ လက်မခန့်ရှိ အရိုးမပါ သုံးမြှောင့်တံစဉ်း ၁ ချောင်း၊ မီးကူးယမ်းခွေ ၄ ခွေ၊ မီးကူးယမ်းထုတ်အသေး ၁၅ ထုပ်၊ ဆေးထိုးပြွန် ၁ ချောင်း၊ ယမ်းမှုန့် ဆေးထိုး ပြွန် ၆ ချောင်း၊ သံဘောစေ့ ၁၃ လုံးတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သောကြောင့် သက်ဆိုင်ရာက သိမ်းဆည်းဆောင်ရွက်ထားသည်။