အောင်မြေသာစံမြို့နယ်တွင် ဒိုင်နာယာဉ်အရှိန်မထိန်းနိုင်ဘဲ စက်ဘီး၊ ဆိုင်ကယ် တို့ကို ဝင်ရောက် တိုက်မိခဲ့ပြီး လူတစ်ဦးဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့ကြောင်း မေ ၁၄ ရက်နေ့ အောင်မြေသာ စံနယ် မြေရဲစခန်းမှသိရသည်။
မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၈၉ လမ်း၊ ၂၁×၂၂ လမ်းကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
အောင်မြေသာစံမြို့နယ်နေ မြင့်လှိုင်(၄၇)နှစ်မောင်းနှင်လာသည့် ဆူဇူကီးဒိုင်နာ ယာဉ်သည် အရှိန် မထိန်း နိုင်ဘဲ လားရာတူရှေ့မှ မောင်းနှင်နေသည့် လိုက်ထရပ်ယာဉ်၏ ဝဲဘက်နောက်ထောင့်ကို တိုက်မိ ပြီးနောက် မဟာအောင်မြေမြို့နယ်နေ ဦးအောင်ဝင်းနိုင်(၅၈)နှစ်မောင်းနှင်သည့် စူပါကပ်ဆိုင် ကယ်ကို တိုက်မိခဲ့သည်။
ထို့နောက် ၈၉ လမ်းအရှေ့ဘက်ခြမ်းရှိ “စွယ်တော်နန်း” ခေါက်ဆွဲဆိုင်ရှေ့သို့ရောက်ရှိသွားကာ ဆိုင်ကယ်(၅)စီးနှင့် စက်ဘီး(၁)စီးတို့အား ထပ်မံတိုက်မိ၍ ရေမြောင်းအတွင်းထိုးကျရပ်တန့်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ဦးအောင်ဝင်းနိုင်တွင် ဒဏ်ရာများ ရရှိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီး၊ ဆိုင်ကယ်(၆)စီးနှင့် စက်ဘီးတစ်စီးတို့ ပျက်စီးဆုံးရှုံးခဲ့သောကြောင့် အရေးယူပေး ရန်တိုင်ကြားခဲ့သည်။ အောင်မြေသာစံ မြို့မရဲစခန်းယာဉ်(ပ)၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ အရ အမှုဖွင့် အရေးယူထားသည်။

















