မဟာအောင်မြေမြို့နယ်တွင် မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေစဉ် အိပ်ရာခေါင်းအုံး အောက်မှ သေနတ်တစ်လက်တွေ့ရှိခဲ့သဖြင့် လက်နက်ပုဒ်မဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မဟာ အောင်မြေမြို့မရဲစခန်းမှ မေ ၁၅ ရက်နေ့က သိရသည်။
မေ ၁၂ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် မဟာအောင်မြေမြို ့နယ်၊ မဟာမြို င်(၁) ရပ်ကွက်၊ အကွက်(ဓ-၄)၊ (၄၁×၄၂) (၆၅×၆၆)လမ်းကြား၊မေတ္တာလမ်းသွယ်ရှိ နေအိမ်တစ်အိမ်တွင် မူးယစ် ဆေးဝါး သတင်းအရ အမှတ်(၁၈)မူးယစ်တပ်ဖွဲ့စု မန္တလေး(တောင်ပိုင်း)မှ ရဲအုပ်အောင်ဇော်မြင့်နှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေအိမ်တွင် မူးယစ်ဆေးဝါးများရှာဖွေမတွေ့ရှိဘဲ နေအိမ်၏အောက်ထပ်အိပ်ခန်းတွင်း ခေါင်း အုံးအာက်တွင် အမဲရောင်ပစ္စတို သေနတ်တစ်လက် ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါသေနတ်နှင့် ပတ်သက်၍ စုံစမ်းချက်များအရ ပိုင်ရှင်မှာ ဝိုင်းမော်မြို ့ နယ်၊ ဂွေးထုဒေသမှ ဂျာမဂျာလဆိုင်း(ခ) လဆိုင်း ဖြစ်ပြီး ပစ္စတိုသေနတ်မှာ MODEL TU-KKW.32 L.R နှင့် RANKONIA JADG- GERMAN စာတမ်းပါ အမဲ ရောင်ပစ္စတို၁လက်၊ 0736 နံပတ်ပါကျ ည်အိမ်တစ်ခု နှင့် ၎င်းကျည်အိမ်တွင် ထည့် ထားသည့် 311စာတမ်းပါကျည် တောင့် ငါးတောင့်တို့နှင့်အတူ ဦးလဆန်အောင်ဝါငြိမ်းချမ်းရေးအဖွဲ့မှ ထုတ်ပေးထားသည့် တပ်ဖွဲ့ဝင်ကဒ်ပြား တို့ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့သည်။
မဟာအောင်မြေမြို ့မရဲစခန်းမှ (ပ)၃၀၃/၁၈၊လက်နက်ဥပဒေ ပုဒ်မ၁၉(စ) အရ အမှုဖွင့် အရေးယူ ထားသည်။

















