ပဲခူးမြစ်အတွင်း အသက် ၃၀ အရွယ် အမျိုးသားအလောင်းတွေ့ရှိမှုကို သက်ဆိုင်ရာက အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း မေ ၁၅ ရက်နေ့က ပဲခူးမြို့မရဲစခန်းမှသိရသည်။
မေ၁၄ရက်နေ့မွန်းလွဲ၁၂နာရီခွဲချိန်ခန့်တွင် ရန်ကုန်မော်လမြိုင်မီးရထားလမ်းမီးရထားလမ်း မိုင်တိုင် အမှတ်၄၈/၁၈နှင့်၄၉/၁၈ရထားသံလမ်းပဲခူးမြစ်အတွင်းအမျိုးသားအလောင်းတစ်လောင်းတွေ့ရှိကြောင်းသတင်းအရပဲခူးမြို့မရဲစခန်းမှူးဒုရဲမှူးနိုင်စိုး နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာအသက်(၃၀)အရွယ်ခန့် (စုံစမ်းဆဲ) အမျိုးသားတစ်ဦးဖြစ်ပြီး ပဲခူးမြစ်အကျယ် ပေ၅၀ရှိမြစ်အရှေ့ဘက်ကမ်းရေအစပ်အဖြူအပြာအစိမ်းကွက်ရှပ်အကျီကိုဝတ်ဆင်လျှက်အောက်ပိုင်းအဝတ်မပါဘဲပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိသည်။ အလောင်းကိုကလျှာဏမိတ္တလူမှုကူညီ ရေး အသင်း ၏အကူအညီဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ပို့အပ်ခဲ့ပြီး သေမှုသေခင်းအမှတ် စဉ်၁၃/၁၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
















