သာပေါင်းမြို့နယ် ဘောမိကြိုးပြင်ကာကွယ်တောအတွင်း တောဆင်ရိုင်းတစ်ကောင်အသတ်ခံရ

သာပေါင်းမြို့နယ် ဘောမိကြိုးပြင်ကာကွယ်တောအတွင်း တောဆင်ရိုင်းတစ်ကောင်အသတ်ခံရ

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ဘောမိကြိုးပြင်ကာကွယ်တော ဆင်သေချောင်းအတွင်း တောဆင်တစ်ကောင် အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း သာပေါင်းမြို့နယ် သစ်တောဦးစီးဌာ နမှ မေ ၁၅ ရက်နေ့က သိရ သည်။

သစ်တော်ဦးစီးဌာနမှ မေ၁၃ ရက်နေ့ တွင် သတင်းအရ သွားရောက် စစ်ဆေးစဉ် တောဆင်ရိုင်း၏ ဆင်အစွယ်နှင့် အမြီးကိုဖြတ်ယူသွားခဲ့ပြီး အရေခွံတစ်ခြမ်းခွာထားကာ နှာမောင်း ကိုလည်းဖြတ်ထား ခဲ့ပြီး ယူဆောင်သွားခဲ့ခြင်းမရှိကြောင်း သိရသည်။

တောဆင်ရိုင်းသတ်ဖြတ်ခံရမှုနှင့်ပတ်သတ်၍ သာပေါင်းနယ်မြေရဲစခန်းက တောရိုင်းတိရိစ္ဆာန်များ သဘာဝအပင်များကာကွယ်ရေးသဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က)အရ အမှုဖွင့် စုံစမ်းလျက်ရှိသည်။

ထို့အပြင် မေ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့် ကလည်း ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ မြစ်တစ်ရာသစ်တောကြိုးဝိုင်း အကွက်အမှတ် ၁၉၇ ကျောက်ဂူတောင်ကျော အနီး ဆင်ဖမ်းပစ်ခတ်ရာတွင် အသုံးပြုသည့် တူမီးသေနတ် ၃ လက်နှင့်စပ်ဆက်ပစ္စည်းများကို သက်ဆိုင်ရာက ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။