ကြည်မြင်တိုင် ဗဟိုစံပြ ငါးဈေးအနီး ရပ်ထားသည့် ကားများမှ လက်ကိုင်ဖုန်းများ ခိုးယူခဲ့သူ ၂ ဦးကို ဖမ်းမိ

ကြည်မြင်တိုင် ဗဟိုစံပြ ငါးဈေးအနီး ရပ်ထားသည့် ကားများမှ လက်ကိုင်ဖုန်းများ ခိုးယူခဲ့သူ ၂ ဦးကို ဖမ်းမိ

ကြည်မြင်တိုင်ငါးဈေးအနီး ရပ်ထားသည့် မော်တော်ယာဉ်များပေါ်မှ လိုက်ကိုင်ဖုန်းများ ခိုးယူခဲ့ သည်ဆိုသူ ၂ ဦးကို အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာ ဟန်းဆက် ၆ လုံးခိုး မှုပေါ် ပေါက်ခဲ့ကြောင်း မေ ၁၆ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန် ချက် အရသိရသည်။

မေ ၉ ရက်နေ့ က အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ကြည်မြင်တိုင်မြို့နယ်အတွင်း ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရ ကြည့်မြင်တိုင် မြို့နယ်နေပိုင်ဇင်ထက်(ခ)မှုံကြီးနှင့်အောင်ဦးတို့နှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉/၅၄ အရ အမှုဖွင့် စစ်ဆေးခဲ့သည်။

၄င်းတို့ ၂ ဦးကို စစ်ဆေးချက်များအရ ယခုနှစ်၊ ဧပြီနှင့် မေလများအတွင်းက ကြည့်မြင်တိုင်မြို့ နယ်၊ နတ်စင်လမ်းရှိ ဗဟိုစံပြငါးဈေးတွင် ရပ်ထားသော မော်တော်ယာဉ်များပေါ်မှ Tecno လက်ကိုင်ဖုန်း၊ MI လက်ကိုင်ဖုန်းနှစ်လုံး၊ Meizu လက်ကိုင်ဖုန်း၊ Oppo လက်ကိုင်ဖုန်း၊ Samsung လက်ကိုင်ဖုန်းစုစုပေါင်း (၆)လုံးအားခိုးယူရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့သည်။

၄င်းတို့ ခိုးယူခဲ့သည့် ပစ္စည်းများကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ပြီး ခိုးယူခံရသည့် ပိုင်ရှင်များ အနေဖြင့် ကြည်မြင်တိုင်မြို့မရဲစခန်းသို့ ဆက်သွယ် အကြောင်း ကြားရန် ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။