ဒေါသလျှော့နည်း
တစ်ခါက အင်မတန်သည်းခံနိုင်စွမ်းရှိတဲ့ မိန်းမတစ်ယောက်ရှိတယ်။ သူ့ယောကျာ်းက မူးရူးရိုက်နှက်ပြဿနာရှာတာတောင် တည်တည်ငြိမ်ငြိမ်နဲ့ သည်းခံတယ်။
နောင် ၁ဝ နှစ်လောက်ကြာတော့ ယောကျာ်းဖြစ်သူက သူ့အမှားသူသိပြီး နောင်တရသွားတယ်။
တစ်ရက်တော့ ညစာအတူစားရင်း သူ့မိန်းမကို ပြန်တောင်းပန်တယ်။
ယောကျာ်းက ''မိန်းမရယ် ငါဒီလောက်ဆိုးတာတောင် နင် တော်တော်သည်းခံနိုင်တယ်နော်။ နင် ငါ့ကို စိတ်မတိုဘူးလား''လို့ မေးတော့
မိန်းမက ''တိုတာပေါ့ရှင်''လို့ ပြန်ပြောတယ်။
ယောကျာ်းဖြစ်သူက အံ့သြသွားပြီး ''နင် စိတ်တိုတာလည်း ငါမမြင်ဖူးဘူး။ ငါ့ကို စိတ်တိုတဲ့အခါ ဘယ်လို စိတ်ကိုလျှော့ချပစ်လဲ''
မိန်းမက လျှို့လျှို့ဝှက်ဝှက်လေး ပြုံးပြီး ပြန်ဖြေလိုက်တာက ''ကျွန်မ ရှင့်သွားတိုက်တံနဲ့ အိမ်သာဆေးပစ်တယ်လေ'' တဲ့။







