ချမ်းမြသာစည်မြို့နယ်တွင် ငါးမန်းလောင်းကစားဂိမ်းပြုလုပ်သူများကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ ကြောင်း မေလ ၁၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မေ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၆၄လမ်းနှင့်သရဖီလမ်းထောင့်တွင် ငါးမန်းလောင်းကစားဂိမ်းဆိုင်ဖွင့်လှစ်ထားကြောင်း သတင်းအရ မန္တလေးတိုင်းဒေသကြီး တိုင်းရဲအကူတပ်ဖွဲ့ခွဲ မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁) နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်တို့သည် သက်သေများနှင့်အတူ လောင်းကစား သတင်းအရ ဝင်ရောက်ရှာ ဖွေခဲ့ သည်။
အဆိုပါဆိုင်အတွင်းမှ ဆိုင်မန်နေဂျာ/ဆိုင်အကူ ၁၁ ဦး၊ လောင်းကစားရန် ရောက်ရှိနေသူ ၈ ဦး၊ စုစုပေါင်း ၂၀ ဦးတို့ကို ငါးဂိမ်းလောင်းကစားရာတွင် အသုံးပြုသည့် လောင်းကစားခုံ ၅ ခုံ၊ လောင်းကြေးငွေ ၆၁၂၅၀ဝ ကျပ်၊ လက်ကိုင်ဖုန်း ၅ လုံးနှင့် လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ဆိုင်ကယ်မျိုးစုံ ၁၂ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ အမှတ်(၁၁) နယ်မြေရဲစခန်း(ပ) ၁၉၅/၁၈၊ လောင်းကစားပုဒ်မ ၁၃(က)/၁၄(က)အရ အမှုဖွှင့် အရေးယူထားသည်။

















