မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေသည့် ဆရာတော်ထံမှ နိုင်ငံခြားငွေနှင့် ကျပ်သိန်း ၄၀ ဖိုးခန့် ပစ္စည်းများခိုးယူခဲ့သည်ဆိုသူကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း မေ ၁၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့ တွင် ကျောက်ဆည်မြို့နယ် အောင်တော်မူ ဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဦးဓမ္မနန္ဒသာမိ နှလုံးရောဂါကုသရန် မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးအထူးကုသဆောင် တတိယထပ် ကုတင် အမှတ် (၃)တွင် တက်ရောက်ကုသနေစဉ် ဆရာတော်၏ ကုတင်ခေါင်းရင်းတွင်ထားသော ခရီးဆောင်အိတ်နှင့်i phone တစ်လုံး vivoဖုန်းတစ်လုံး အမေရိကန်ဒေါ်လာ ၁၀ဝတန် ၃၀ရွက်ထိုင်းဘက်ငွေ ၂၀ဝ၀ဝ မြန်မာငွေ ရောရာ ငွေကျပ် သိန်း၄၀တို့ထည့်ထားသည့်အိတ်တို့အားခိုးယူခံရကြောင်း ခိုးယူသွားသူအားစုံစမ်းအရေးယူပေးပါရန်တိိုုင်ကြားခဲ့သည်။
၂ အမှတ် (၈) နယ်မြေရဲစခန်းက (ပ)၄၈၉/၂၁၇၊ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၈၀ အရ အမှုဖွင့်စုံစမ်းခဲ့သည်။
၂အဆိုပါအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာကစုံစမ်းနေစဉ် ယခုနှစ် မေ ၁၂ ရက်နေ့ တွင် ဆေးရုံကြီးသို့ ရောက်ရှိလာသည့် ထီးချိုင့်မြို့နေ ကိုကိုသက်(ခ)ကိုသက် မှာ ခိုးမှုကျူးလွန်သူဟုထင်မြင်ယူဆသဖြင့် ဆေးရုံကြီး၏ စီစီတီဗီ မှတ်တမ်းပုံ အရ မန္တလေးခရိုင်(မှု\ကူ)ဌာနစိတ်မှရဲအုပ်ဗိုလ်ဗိုလ်အောင်နှင့်အဖွဲ့ ကထိန်းသိမ်းစစ်ဆေးခဲ့ရာက ယမန်နှစ် အတွင်းက ဆေးရုံသို့ ဆေးကုသရန်တက်ရောက်သည့် ဆရာတော်ထံမှ နိုင်ငံခြားငွေ၊လက်ကိုင်ဖုန်းနှင့် မြန်မာကျပ်ငွေများပါ လက်ကိုင်အိတ်ကို ခိုးယူခဲ့ ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
၂သက်ဆိုင်ရာက အဆိုပါပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး ဆက်လက်အရေးယူထားသည်။

















