ဘုရင့်နောင်ပွဲရုံဝင်း ခရေလမ်း တွင် လူတစ်ဦး ကားကြိတ်သေဆုံး
မေ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်း ခရေလမ်း တွင် လူတစ်ဦး ကားကြိတ်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
သေဆုံးသူမှာ ၁၂ ဘီးကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ယမန်နေ့ညပိုင်းက ယာဉ်အောက်ပိုင်းတွင် ဝင်အိပ်နေရာက ကားကြိတ်မိသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပြီး သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေး လျက်ရှိကြောင်း ကနဦးသတင်းအရသိရသည်။

















