မဟာဗန္ဓုလပန်းခြံလမ်း(အလယ်ဘလောက်)တွင် မီးလောင်မှုဖြစ်ပွား
မေ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ အချိန်ခန့်တွင် ကျောက်တံတားမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း(အလယ်ဘလောက်)တွင် မီးလောင်မှုဖြစ်ပွားလျက်ရှိသည်။
မီးလောင်မှုကို level1 အဖြစ်သတ်မှတ်ထားပြီး ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့ မှ မီးငြှိမ်းသတ်လျှက်ရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

















