မော်လမြိုင်ဈေးကြိုအဝိုင်းအနီး ဖြစ်ပွားခဲ့သည့် လူသတ်မှုကျူးလွန်တိမ်းရှောင်သူကို စုံစမ်းနေ

မော်လမြိုင်ဈေးကြိုအဝိုင်းအနီး ဖြစ်ပွားခဲ့သည့် လူသတ်မှုကျူးလွန်တိမ်းရှောင်သူကို စုံစမ်းနေ

မော်လမြိုင်ဈေးကြိုအဝိုင်းအနီး ဖြစ်ပွားခဲ့သည့် လူသတ်မှုကျူးလွန်တိမ်းရှောင်သူကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း မုပွန်နယ်မြေရဲစခန်းမှသိရသည်။

မေ ၁၆ ရက်နေ့ ည ၇ နာရီ အချိန်ခန့်တွင် မော်လမြိုင်မြို့ မော်လမြိုင်ဈေးကြို အဝိုင်းအနီး တည်းခိုရေး ၄ တပ်ရှေ့နားတွင် အမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီး သေဆုံးမှုဖြစ်ပွားကြောင်းသတင်းအရ မုပွန်နယ်မြေရဲစခန်းမှ ဒုရဲမွန်စိန်ဝင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

'' အရင်တုန်းကတည်းက အမြဲနှောက်ယှက်နေကြပါဘဲ။ ကွင်ရှင်းထားတဲ့ ယောက်င်္ကျားလို့လည်း သိ ထားတယ်။ ဓါးနဲ့ထိုးပြီး ဆိုင်ကယ်နဲ့ထွက်ပြေးသွားတယ်'' ဟု သေဆုံးသူ၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ကွာရှင်းထားသည့် ခင်ပွန်းဖြစ်သူ ကျော်ပိုင်(၃၇ နှစ်)က ဆိုင်ကယ်ဖြင့် နောက်မှလိုက်လာပြီး ဓါးနှင့်ထိုးကာထွက်ပြေးသွားခဲ့သည်။ သေဆုံး သူတွင် ဝဲဘက်ရင်အုံ ၂ ချက်၊ လက်မောင်းထိုးသွင်းဒဏ်ရာ တစ်ချက်တို့ရရှိသေဆုံး သွားခဲ့ သည်။

'' သူတို့တွေ့ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းက ကွဲကွာနေတာပါ။ကောင်မလေးရဲ့ သူငယ်ချင်းတွေ ပြောပြချက်အရ သူယောက်င်္ကျားက အမြဲတမ်းနောက်ကနေ လိုက်ပြီးနှောက်ယှက်နေ တယ်ပြော တယ်။ မနေ့ညက ကောင်မလေးအပြင်ကပြန်လာတဲ့ အချိန်မှာ ဖြစ်သွားတာ။ အမြန်ဆုံး ဖမ်းဆီးရမိဖို့ ကျွန်တော်တို့လည်း စုံစမ်းနေပါတယ်" ဟု မုပွန်ရဲစခန်းမှ ဒုရဲအုပ် ဇေယျာသိန်းက ပြောသည်။

သက်ဆိုင်ရာက အလောင်းကို မော်လမြိုင်ဆေးရုံကြီးသို့ပို့အပ်ခဲ့ပြီး မုပွန်နယ်မြေရဲစခန်းက (ပ)၃၈၆/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့် စုံစမ်းလျက်ရှိသည်။