အုတ်သယ်ယာဉ် တိမ်းမှောက် လူ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရ

အုတ်သယ်ယာဉ် တိမ်းမှောက် လူ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရ

ကန့်ဘလူမြို့နယ် ကင်းတပ်-ရွှေဘို မူးဘောင်လမ်း ပေါ်တွင် အုတ်ကားတိမ်းမှောက်ခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့မရဲစခန်းမှသိရသည်။

မေ ၁၆ ရက်နေ့ နေ့လည် ၂နာရီခွဲ အချိန်ခန့်တွင် ကင်းတပ်-ရွှေဘို မူးဘောင်လမ်း မိုင်တိုင်(၂၇/၂၈)ကြား၌ အလုပ်သမား ၁၀ ဦးလိုက်ပါကာ အုတ်အလုံး ၅၀ဝ၀ ခန့်တင်ဆောင်ထားသည့် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ လဲကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အမျိုးသမီး ၂ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင့် ယာဉ်မောင်း(စုံစမ်းဆဲ)ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ကန့်ဘလူမြို့မရဲစခန်း ယာဉ်(ပ)၂၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားသည်။