မြဝတီမြို့ ချစ်ကြည်ရေးတံတားတွင် ယာဉ်နောက်ခန်းတွင်း သတင်းစာစက္ကူဖြင့်ပတ်ထုပ်ထားသည့် ကန့်နှင့်ယူရိုငွေများ သိမ်းဆည်းရမိခဲ့ကြောင်း မေ ၁၇ ရက်နေ့က မြဝတီမြို့မရဲစခန်းက သိရသည်။
မေလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် မြဝတီမြို့(၁)ရပ်ကွက်ရှိ အမှတ်(၁)ချစ်ကြည်ရေး တံတား၌ခလရ(၂၈၄)မှ တပ်မတော်သားများနှင့် ၊မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အောင်မျိုး (၄၀)နှစ် မောင်းနှင်လာသည့် VOXY ယာဉ်ကို စစ်ဆေးခဲသည်။
အဆိုပါယာဉ်အင်ဂျင်ခန်း အတွင်း သတင်းစာများဖြင့်ပတ်ကာ ပလပ်စတစ်အိတ်ဖြင့်ထုပ်ထားသော အထုပ် ၂ ထုပ်အတွင်းမှ အမေရိကန် ဒေါ်လာ ၁၆၁,၂၉၀၊ ယူရိုငွေ ၄၃၅၀ နှင့် ယန်း ၁၃,၁၇၀,ဝ၀ဝ တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
မြဝတီမြို့မရဲစခန်းမှ (ပ)၃၇၇/၁၈၊ နိုင်ငံခြားငွေ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၄၂ အရ အမှုဖွင့် အရေးယူထားသည်။

















