ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြိ့နယ် တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်တွဲကားတိုက်မိရာက လူတစ်ဦး သေဆုံးကာ ၇ ဦးဒဏ်ရာရှိမှု မေ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါနေ့ နံနက် ၇ နာရီ အချိန်ခန့်တွင် ရှမ်းပြည်နယ် (မြောက်)သီပေါမြို ့နယ် စံလောင်းကျေ းအနီး ကုန်းဆင်းတွင် ခရီးသည်တင်ယာဉ်နှင့်ကုန်တင်တွဲကားတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကို ကူညီဆောင်ရွက်ပေးခဲ့သည့် နယ်စည်းမခြားပရဟိတ(သီပေါ)အဖွဲ့မှ ကိုမျိုးက ပြောသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် AAExpress ခရီးသည်တင်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကျန်ခရီးသည် ၇ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
'' ဒဏ်ရာရတဲ့သူ ၇ ယောက်ရှိတယ်။ သီပေါဆေးရုံကို တင်ပို့ပေးခဲ့တယ်။ အဲ့ဒီထဲမှာ ရင်ခွင်ပိုက်ကလေး တစ်ဦးပါတယ်။ နားက သွေးထွက်တဲ့ အတွက်ကြောင့် နည်းနည်းစိုးရိမ်ရတာကြောင့် သီပေါဆေးရုံကနေ လားရှိုးဆေးရုံကို ကျွန်တော်တို့ ဆက်ပြီး ပို့ဆောင်ပေးခဲ့တယ်" ဟု ကိုမျိုးက ပြောသည်။

















