အမြန်လမ်းပေါ်တွင် ဆရာမ ၁၅ ဦးလိုက်ပါလာသော လိုက်ထရပ်နှင့် ပရိုဘောက်စ်ယာဉ် တိုက်မိ ရာက ၁၁ ဦးဒဏ်ရာရ

အမြန်လမ်းပေါ်တွင် ဆရာမ ၁၅ ဦးလိုက်ပါလာသော လိုက်ထရပ်နှင့် ပရိုဘောက်စ်ယာဉ် တိုက်မိ ရာက ၁၁ ဦးဒဏ်ရာရ

တောင်ငူပညာရေးကောလိပ်တွင် မွမ်းမံသင်တန်းတက်ပြီး ပြန်လာသည့် ဆရာမ ၁၅ ဦးလိုက်ပါလာသော လိုက်ထရပ်သည် ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်၌  ပရိုဘောက်စ်ယာဉ်တစ်စီးနှင့်တိုက်မိရာမှ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

မေ ၁၈ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် တောင်ငူမြို့နယ် ပညာရေးကောလိပ်မှ မွမ်းမံသင်တန်း တက်ပြီး ကဝမြို့နယ်သို့ ပြန်လာသည့် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ယာဉ်မောင်း ရဲဝင်းကို (၂၆ နှစ်)မောင်းနှင် လာသည့် လိုက်ထရပ်ယာဉ်သည် ရန်ကုန် မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၅၃/၁) အရောက်တွင် မြောက်ဥက္ကလာပမြို့နယ်နေ ယာဉ်မောင်း ထွန်းထွန်းဝင်း(၃၀)နှစ် မောင်းနှင်လာသည့် ပရိုဘောက်စ် တက္ကစီယာဉ်ကအရှိန်မထိမ်းနိုင်ဘဲနောက်မှ ဝင်တိုက်မိခဲ့သည်။

ယာဉ် ၂ စီးတိုက်မိစဉ် လိုက်ထရပ်ယာဉ်မှာ လမ်းညာဘက်သို့တိမ်းမှောက် သွားပြီးယာဉ် ပေါ်တွင် လိုက် ပါလာသည့်ကျောင်းဆရာမ(၈)ဦးနှင့်အတူလိုက်ပါလာသူအမျိုးသား(၃)ဦး စုစုပေါင်း (၁၁)ဦးမ ဒဏ်ရာများရရှိခဲ့သည်။

ဒဏ်ရာရရှိသူများကိုဘောနီအမြန်လမ်းရဲကင်းစခန်းမှကယ်ဆယ်ရေးယာဉ်ဖြင့်ပဲခူးမြို့ဆေးရုံသို့တင်ပို့ခဲ့ယြာဉ်တိုက်မှုနှင့်ပတ်သက်၍ဘောနီအမြန်လမ်းရဲစခန်းမှစစ်ဆေးလျက်ရှိသည်။