ဖခင်က အရက်ကြောင်ကြောင်ကာ ကလေးငယ်ကို သံတူရွင်းဖြင့်ရိုက်သတ်

ဖခင်က အရက်ကြောင်ကြောင်ကာ ကလေးငယ်ကို သံတူရွင်းဖြင့်ရိုက်သတ်

မြန်အောင်မြို့နယ်တွင် ဖခင်ဖြစ်သူက အရက်ကြောင်ကြောင်ကာ ကလေးငယ်ကို သံတူရွင်းဖြင့်ရိုက်သတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း မေ ၂ဝ ရက်က မြန်အောင်မြို့မရဲစခန်းမှ သိရသည်။

မေ၁၉ ရက် မွန်းလွဲ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီးမြန်အောင်မြို့နယ် ကွင်းကြီးဒေါင့်အုပ်စု ဂွေးကုန်းကျေးရွာနေ အောင်လှိုင်စိုး(၃ဝ နှစ်)သည် အသက် ၁ နှစ် ၁ဝ လအရွယ် သားဖြစ်သူကို သံတူးရွင်းဖြင့် နေအိမ်တွင် ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ မြန်အောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

ကလေးငယ်တွင် ဦးခေါင်းနောက်စေ့ကွဲဒဏ်ရာ၊မျက်နှာညိုမဲ နားသွေးထွက်ဒဏ်ရာများရရှိကာ သွေး ထွက်သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ကလေးငယ်မှာ ကွဲကွာနေ သည့် မိခင်နှင့်ဖခင်တို့ အကြား တစ်လှည့်စီနေထိုင်ရကြောင်း၊ ဖခင်ဖြစ်သူ အောင်လှိုင်စိုးနှင့် နေထိုင်စဉ် အရက်ကြောင်ကြောင်ကာ သံတူရွင်းဖြင့်ရိုက်သတ်ခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

မြန်အောင်မြို့မရဲစခန်းက (ပ)၂၂၇/၁၈ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူထားသည်။