ဝန်ထမ်းဟောင်းဖြစ်သူက ဖုန်းကုမ္ပဏီမှ လက်ကိုင်ဖုန်း နှင့် နာရီများခိုးယူ

ဝန်ထမ်းဟောင်းဖြစ်သူက ဖုန်းကုမ္ပဏီမှ လက်ကိုင်ဖုန်း နှင့် နာရီများခိုးယူ

ပုသိမ်မြို့တွင် ဖွင့်လှစ်ထားသည့် လုံထိန် ဖုန်းအရောင်းကုမ္ပဏီမှ ကျပ် ၂၂ သိန်း ကျော်တန်ဖိုးရှိ လက်ကိုင်ဖုန်းနှင့် နာရီများ ခိုးယူခဲ့သည့်ဝန်ထမ်းဟောင်းကို အမှုဖွင့်ပြီး နာရီပိုင်းအတွင်းသက်ဆိုင်ရာက ဖမ်းဆီးခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းမှသိရသည်။

မေ ၂ဝ ရက် နံနက် ၁ဝ နာရီ အချိန်ခန့်တွင် ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် နေ ဦးကိုကိုဒွေး က သက်ဆိုင်ရာသို့တိုင်ကြားရာ၌ မေ ၁၈ ရက် ည ၇ နာရီအချိန်ခန့်က ၄င်း ရုံးခွဲတာဝန်ခံအဖြစ် တာဝန်ယူလုပ်ကိုင်ရသည့် လုံထိန် ဖုန်းအရောင်း ကုမ္ပဏီမှ ပြူတင်းပေါက်တံခါးများကို သေချာပိတ်၍ ကမ်းနားလမ်းရှိ အိုးရှင်းစင်တာသို့ သွားရောက်ခဲ့ကြောင်း ည ၉ နာရီ အချိန်ခန့် ပြန်ရောက်စဉ် ပြုတင်းပေါက်တံခါးပွင့်နေသည်ကို မသကင်ာ္သဖြင့် ကုမ္ပဏီရုံးခန်းအတွင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အပေါ်ထပ် စတိုခန်းမှ လက်ကိုင်ဖုန်းမျိုးစုံ ၉ လုံးနှင့် နာရီ ၁၂ လုံး ကျပ် ၂၂၆ဝဝဝဝ ဖိုးခန့်ပျောက်ဆုံးနေသည်ကို သိရသဖြင့် ကုမ္ပဏီသို့ အကြောင်းကြားခဲ့ပြီးနောက် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပုသိမ်နယ်မြေရဲစခန်းက (ပ)၂ဝ၈/၁၈.ရာဇသတ်ကြီးပုဒ်မ ၃၈ဝ အရ အမှုဖွင့် စုံစမ်းခဲ့သည်။

အမှုနှင့်ပတ်သက်၍ မေ ၂ဝ ရက် နံနက် ၁၁ နာရီ ၄၅ အချိန်ခန့်တွင် အမှုဖြင့် မသကင်ာ္သူ အဆိုပါကုမ္ပဏီ၏ ဝန်ထမ်းဟောင်း အမှတ် ၄ နယ်မြေ ရပ်ကွက်နေ ကျော်သူလတ် (၃၂ နှစ်) ကို ဖမ်းဆီးစစ်ဆေးခဲ့ရာက ၄င်းယခင်က အလုပ်လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီရုံးခန်းအိမ်သာနောက် အပြင်လေထွက်ပေါက် သွပ်ပြားကိုခွာယူကာ ရုံးခန်းစတိုအတွင်းမှ လက်ကိုင်ဖုန်းနှင့် နာရီများကို ခိုးယူခဲ့ကြောင်း၊ ပစ္စည်းများကို နေအိမ်မီးဖိုချောင်နှင့် လမ်းထိပ် တို့တွင်ဝှက်ထားခဲ့ကြောင်း သိရသဖြင့် သက်ဆိုင်ရာက၄င်းပစ္စည်းများကို သိမ်းဆည်းကာ အမှုဖွင့် အရေးယူထားသည်။