ဆန်မှုန့်လာကြိတ်သည့် အမျိုးသမီး မဖွယ်မရာပြုလုပ်ခံရ
ဖြူးမြို့နယ်တွင် ဆန်မှုန့်လာကြိတ်သူ အမျိုးသမီးကို မဖွယ်မရာပြုလုပ်ခဲ့သည်ဆိုသူကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း မေ ၂၁ ရက်က ဇေယျဝတီနယ်မြေရဲစခန်းမှ သိရသည်။
မေ ၁၈ ရက် နံနက် ၁၁ နာရီ အချိန်ခန့်တွင် ဖြူးမြို့နယ် ဇေယျဝတီမြို့ ဖ/ဆ၁ လမ်းရှိ အမှုန့် ကြိတ်စက်လုပ်ငန်းသို့ ဖ/ဆ ၃ လမ်းနေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးက ဆန်မှုန့်ကြိတ်ရန် ရောက်ရှိခဲ့သည်။
ထိုသို့ရောက်ရှိစဉ် စိုးနိုင်(ခ)ရာဂျူး မှအဖီအောက်သို့လက်ကိုဆွဲခေါ်ပြီး ပါးစပ်ကိုပိတ် ကာမဖွယ်မရာပြုလုပ်ခဲ့သောကြောင့် ရုန်းကန်ကာနေအိမ်သို့ထွက်ပြေးခဲ့ပြီး မိခင်ဖြစ်သူကို ပြောပြပြီး သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။
ဇေယျဝတီနယ်မြေရဲစခန်းက (ပ)၈၄/၁၈ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၅၁၁ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

















