အရက်ကြောင်ကြောင်ကာ မိခင်နှင့်ဖခင်ကို ပေါက်တူးဖြင့်ခုတ်ခဲ့သူကို ဖမ်းဆီး

အရက်ကြောင်ကြောင်ကာ မိခင်နှင့်ဖခင်ကို ပေါက်တူးဖြင့်ခုတ်ခဲ့သူကို ဖမ်းဆီး

ကျောက်တန်းမြို့နယ်တွင် အရက်ကြောင်ကြောင်ကာ မိခင်နှင့်ဖခင်တို့ကို ပေါက်တူးဖြင့်ခုတ်ခဲ့သဖြင့် ဒဏ်ရာရရှိ မှု မေ ၂၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ကမာကလုပ်နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါနေ့ နံနက်(၇) နာရီအချိန်တွင် ကျောက်တန်းမြို့နယ် ကမာကလုပ်နယ်မြေရဲစခန်းအပိုင်မဂင်္လွန်းကျေးရွာတွင် ပေါက်တူးဖြင့်ခုတ်သဖြင့် လူ ၂ ဦးဒဏ်ရာရရှိထားကြောင်းသတင်းအရ ကမာကလုပ်နယ် မြေရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့သည်။

သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ ဦးတင်ဝင်းတွင်၊ ဘယ်ဘက်မျက် ခုံးပြတ်ရှ၊ဦး ခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ဒေါ်သန်းမြင့်တွင်ဘယ်ဘက် နားထင်ပြတ်ရှဒဏ်ရာများရရှိခဲ့သော ကြောင့် တံတားမြို့ဆေးရုံသို့ တင်ပို့ကုသခဲ့ရပြီးထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း ကုသခဲ့ရကြောင်း သိရသည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ဒဏ်ရာရရှိသူ ၂ ဦးနေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ စိုးသူ (၂၅ နှစ်)က အရက်ကြောင်ကြောင်ပြီး နေအိမ်ရှိ ပေါက်တူးဖြင့်ခုတ်ခဲ့ကြောင်းသိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ကမာကလုပ်နယ်မြေရဲစခန်းက(ပ)၂၄/၁၈ရာဇသတ်ကြီးဥပဒေပုဒ်မ၃၂၆ အရ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးအမှုဖွင့်အရေးယူထားသည်။