ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တွင် ယာဉ်ထိိုင်ခုံကြောမှီအတွင်း ကျောက်စိမ်းတုံးများတရားမဝင် သယ်ဆောင်လာသူကို အရေးယူထားကြောင်း နောင်ချိုမြို့ရဲစခန်းမှ သိရသည်။
မေ ၂၁ ရက် နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်တွင် ရှမ်းပြည်နယ် မန္တလေး-လားရှိုးကားလမ်း မိုင်တိုင်အမှတ် (၈၃/၇-ဝ)ကြား ဂုတ်တွင်းတံတားအနီး ပူးပေါင်းအဖွဲ့က ပိတ်ဆို့ရှာဖွေစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် မန္တလေးဘက်မှ လားရှိုးဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ တွင်းကျေးရွာနေ အောင်ကျော်ဦး(ခ)သူရိန်(၃၃)နှစ်မောင်းနှင်လာသော အေဒီဗင် အဖြူရောင်ယာဉ်ကို ရပ်တန့်ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ ယာဉ်ရှေ့ခန်းထိုင်ခုံ(၂)လုံး၏ ကျောမှီအတွင်း ကျောက်စိမ်း တုံးအရွယ်စုံ(၁ဝ၃)တုံးကို တရားမဝင်သိုဝှက်သယ်ဆောင်လာသည်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
နောင်ချို မြို့မရဲစခန်း (ပ)၈၈/၁၈၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၄၂(က)အရ အမှုဖွင့် အရေးယူထားသည်။

















