ကချင်ပြည်နယ်တွင်ကျောက်စိမ်းအရိုင်းတုံး ၆၃၄တုံး သယ်ဆောင်လာသူကိုဖမ်းဆီးရမိခဲ့ကြောင်း ကာမိုင်းနယ်မြေရဲစခန်းမှသိရသည်။
မေလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ နန့်တိန်း စစ်ဆေးရေးဂိတ်၌ နယ်မြေခံတပ်မှ တပ်မတော်သားများသည် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် ဖားကန့်မြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်နေ ကိုကိုသန့် (၃၄) နှစ်မောင်းနှင်လာသည့် အပြာရောင်(၆)ဘီးယာဉ်ကိုစစ်ဆေးခဲ့သည်။
ယာဉ်အတွင်း ကျောက်စိမ်းအရိုင်းတုံး(၆၃၄)တုံး (၁၀ဝ၀) ကီလိုဂရမ်ခန့်ကို တရားမဝင်သယ်ဆောင်လာသည့်ကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ကာမိုင်းနယ်မြေရဲစခန်း (ပ)၁၃/ ၁၈၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၄၂(က) အရ အမှုဖွင့်အရေးယူထားသည်။

















