ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ်အိပ်ခန်းအတွင်း တည်းခိုနေထိုင်သူ အမျိုးသားတစ်ဦး သေဆုံးနေမှုကို မေ ၂၃ ရက်နေ့ ကဖြစ်ပွားခဲ့ကြောင်း အမှတ် (၈) နယ်မြေရဲစခန်းမှ သိရသည်။
အဆိုပါနေ့နံနက် ၁၀နာရီအချိန်ခန့်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁×၈၂ လမ်းထောင့်ရှိ ဟူးကောင်းဟိုတယ်ရှိ အိပ်ခန်းတစ်ခုတွင် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားကြောင်းသတင်းအရ ဒုရဲမှူး ခင်မောင်သိန်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
ဟိုတယ်ဧည့်မှတ်တမ်းများအရ သေဆုံးသူမှာ ကော့မှူးမြို့နယ် မဝန်းကျေးရွာနေ ဦးသိန်းကျော်ဦး (၄၂ နှစ်)ဖြစ်ပြီး မေ ၁၉ ရက်နေ့တွင် ဟိုတယ်သို့ လာရောက်တည်းခိုနေထိုင်ခဲ့ကြောင်း ယနေ့ နံနက် ပိုင်းတွင် အိပ်ခန်းသန့်ရှင်းရေးပြုလုပ်ရန် တံခါးဖွင့်ခိုင်းခဲ့သည်။ ထိုစဉ် အိပ်ခန်းအတွင်းမှ အနံဆိုးများ ရရှိခဲ့ကာ အကြောင်းမပြန်သဖြင့် ဟိုတယ်တာဝန်ရှိသူများက သော့ဖွင့်ဝင်ရောက်စဉ် အခန်းကြမ်း ပြင်တွင် လဲနေသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ပြီး လာရောက်စစ်ဆေးရာ သေဆုံးနေ သည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းရဲစခန်းမှတ်တမ်းအရသိရသည်။ အလောင်းကို မဏီစလလူမှုကူညီရေးအသင်းမှ မန္တလေးဆေးရုံကြီး မှတစ်ဆင့်(အအေးတိုက်)သို ့ပို ့ဆောင်ပေးခဲ့ပြီး အမှတ်(၈)မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၈) ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိသည်။

















