ဆောက်လက်စအဆောက်အဦအတွင်းမှ သံတိုသံစများခိုးယူရန်လာသူက လုံခြုံရေးဝန်ထမ်းကို သံ တုတ်ဖြင့် ရိုက်သတ်သူကို ပေါ်ပေါက်

ဆောက်လက်စအဆောက်အဦအတွင်းမှ သံတိုသံစများခိုးယူရန်လာသူက လုံခြုံရေးဝန်ထမ်းကို သံ တုတ်ဖြင့် ရိုက်သတ်သူကို ပေါ်ပေါက်

ရန်ကင်းမြို့နယ်ရှိ ဆောက်လက်စအဆောက်အဦအတွင်း သံတိုသံစများခိုးယူခဲ့သည်ဆိုသူက လုံခြုံ ရေးဝန်ထမ်းကို သံတုတ်ဖြင့်ရိုက်သတ်ခဲ့တိမ်းရှောင်နေမှုကို သက်ဆိုင်ရာက မေ ၂၃ ရက်နေ့က ဖမ်းဆီးဖော်ထုတ်ခဲ့သည်။

မေ၂၂ ရက်နေ့ နံနက် ၈နာရီခွဲ အချိ်န်ခန့်တွင် ရန်ကင်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ ရွှေအိမ်ရာ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေသည့် အဆောက်အဦအတွင်းတွင် လုံခြုံရေး ဝန်ထမ်း ဦးဇော်ဝမ်း (၄၀) နှစ် အသတ်ခံရသဖြင့်သေဆုံးမှုဖြစ်ပွားကြောင်းသတင်းအရ သက်ဆိုင်ရာကသွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ ၄င်း၏ကင်းတဲရုံအတွင်း ခြေနှစ်ဖက်ကို ဝါယာကြိုးဖြင့်ချည်နှောင်ထားပြီး ပါးစပ်ကို စက္ကူတိတ်ဖြင့် ပတ်လျက် ၄င်းအပေါ်မှ စွပ်ကျယ်ဖြင့် ထပ်မံချည်နှောင်ကာ ဦးခေါင်းနောက်စေ့တွင် ပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒုရဲမှူစိုးလှိုင်နှင့်အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ရန်ကင်းမြို့မ ရဲစခန်း(ပ) ၂၀၆ / ၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူခဲ့သည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းရာ သေဆုံးသူပိုင် လက်ကိုင်ဖုန်း (၁) လုံး ပျောက်ဆုံးနေပြီး အနီးတွင် အဖြူရောင်တီရှုပ်(၁) ထည်၊ သွေးစွန်းနေသည့် သံတုတ် (၁) ချောင်းတို့အား တွေ့ရှိသိမ်းဆည်းခဲ့သည်။

အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းချက်များအရ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂) ရပ်ကွက်တွင်နေထိုင်ပြီး တွန်းလှည်းဖြင့် ပစ္စည်းအဟောင်းများလိုက်လံဝယ်ယူရောင်းချသူများဖြစ်သည့် ဝင်းနိုင်ဖြိုး(ခ) ငရှိုင်း(၁၉) နှစ်နှင့် အောင်ဖြိုးကို (ခ) ကပ္ပလီ (၂၁) နှစ်တို့ ၂ ဦးမှာ မေ မှာ ၂၂ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က နေအိမ်သို့ရောက်ရှိလာပြီး မှန်ကွဲနေသည့်ဖုန်း(၁)လုံးပါရှိလာကြောင်း၊ ၄င်းတို့ ဝတ်ဆင်ထားသည့် အဝတ်များကို ဝှက်ထားကြောင်း၊ ညစောင့်(၁) ဦးကိုလည်း ရိုက် နှက်ခဲ့ကြောင်း စုံစမ်းသိရှိသဖြင့် ၄င်းတို့ ၂ ဦးကို မေ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲတွင် အချိန်တွင် ဖမ်း ဆီးခဲ့သည်။

၄င်းတို့ ၂ ဦးကို အမှုဖြင့် စုံစမ်းချက်များအရ ရန်ကင်းမြို့မ ရဲစခန်း(ပ) ၂၀၆ / ၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုကို ကျူးလွန်ခဲ့ပြီး အခင်းဖြစ်နေ့ နံနက် နံနက် ၃ နာရီအချိ်န်ခန့်တွင် ပစ္စည်းများ ခိုးယူရန်အတွက် လိုက်လံ ကြည့်ရှုစဉ် ရန်ကင်းမြို့နယ်ရှိဆောက်လက်စ အဆောက်အဦအတွင်းသို့ သံတိုသံစများခိုးယူရန် ဝင်ရောက်ခဲ့သည်။

ထိုသို့ဝင်ရောက်စဉ် လုံခြုံရေးဝန်ထမ်းမှာ နိုးလာသဖြင့် အနီးရှိသံတုတ်ဖြင့် (၂)ချက်ရိုက်ခဲ့ ကြောင်း၊ လျှပ်စစ် ပန်ကာမှ ဝါယာကြိုးကိုု ဖြတ်၍ ခြေထောက်(၂)ဖက်ကို ချည်နှောင် ခဲ့ကြောင်း၊ ပါးစပ်ကိုလည်း တိတ်ဖြင့် ပတ်၍၎င်းအပေါ်မှာ စွပ်ကျယ်ဖြင့် ချည်နှောင်ခဲ့ကြောင်း၊ သံသေတ္တာ သော့ကိုရိုက်ဖျက်ပြီးငွေ ၁၀၇၀ဝ ကျပ်နှင့် လက်ကိုင်ဖုန်းတို့ကို ယူဆောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက အမှုဖြင့်ဖမ်းဆီးထားသူ အောင်ဖြိုး(ခ) ကပ္ပလီမှာ ၂၀၁၂ ခုနှစ်တွင်မြောက်ဥက္ကလာပ မြို့နယ်ရှိ ဘုရားဝင်း အတွင်းထားရှိသော အလှူခံပုံးမှငွေများခိုးယူခဲ့၍ သန်လျင်မြို့နယ်၊ လူငယ်ပြုစု ထိန်းသိမ်းရေးသင်တန်းကျောင်းတွင် ထောင်ဒဏ် (၁)နှစ် (၂)လ ပြစ်ဒဏ်ကျခံခဲ့ဖူးသည့် ပြစ်ချက် ဟောင်းရှိသူ တစ်ဦးဖြစ်ကြောင်းသိရသည်။