နမ့်စန်မြို့နယ်မိုင်းစိတ်ကျေးရွာတွင် ပိဿ ာ ၂၀ ခန့်ရှိ ဘိန်းစိမ်း ၂၆ အိတ်ဖမ်းမိ

နမ့်စန်မြို့နယ်မိုင်းစိတ်ကျေးရွာတွင် ပိဿ ာ ၂၀ ခန့်ရှိ ဘိန်းစိမ်း ၂၆ အိတ်ဖမ်းမိ

မေ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင်ရှမ်းပြည်တောင်ပိုင်းနမ့်စန်မြို့နယ်မိုင်းစိတ်ကျေးရွာ အုပ်စုနောင်စန့်ကျေးရွာအဝင်တွင် မသင်္ကာဖွယ်တွေ့ရှိသည့် ယာဉ် ၂ စီးကို နမ့်စန်မြို့တပ်နယ်လှုပ်ရှား စစ်ကြောင်းနှင့်မတ်ကျန်းဌာနေ ပြည်သူ့စစ်တို့ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့သည်။

၄င်း ယာဉ် ၂ စီးပေါ်မှ တစ်အိပ်လျှင်ပိဿ ာ ၂၀ ခန့်ရှိ ဘိန်းစိမ်းဆာလာအိပ် ၂၆ အိပ်ဖမ်းဆီး ရမိခဲ့ပြီး ယာဉ်ပေါ်တွေ့ရှိသူ ၇ ဦးကို နမ့်စန်ရဲစခန်းသို့ ပို့အပ်ခဲ့ပြီး သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းများအရသိရသည်။