တောင်ဥက္ကလာပမြို့နယ်တွင် လိုင်စင်မရှိအလှပြင်ဆိုင်အမည်ခံ ပြည့်တန်ဆာလုပ်ကိုင်နေသူ တရုတ် နိုင်ငံသား ၁၇ ဦးအနက် လေးဦးသာ တရားဝင်စာရွက်စာတမ်းဖြင့် ဝင်ရောက်လာသူများဖြစ်

တောင်ဥက္ကလာပမြို့နယ်တွင် လိုင်စင်မရှိအလှပြင်ဆိုင်အမည်ခံ ပြည့်တန်ဆာလုပ်ကိုင်နေသူ တရုတ် နိုင်ငံသား ၁၇ ဦးအနက် လေးဦးသာ တရားဝင်စာရွက်စာတမ်းဖြင့် ဝင်ရောက်လာသူများဖြစ်

တောင်ဥက္ကလာပမြို့နယ်တွင် လိုင်စင်မရှိအလှပြင်ဆိုင်အမည်ခံ ပြည့်တန်ဆာလုပ်ကိုင်နေသူ တရုတ် နိုင်ငံသား ၁၇ ဦးနှင့် ဆိုင်မန်နေဂျာပါ ၁၁ ဦးတို့ ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မေ ၂၂ ရက်က ဖမ်းဆီးခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်တရားရုံးသို့ ယင်းနေ့မှာပင် နေ့ချင်းပြီးတရားစွဲဆိုတင်ပို့ခဲ့ပြီး မြို့နယ်ဉပဒေရုံးသို့ ဉပဒေအကြံပြုချက် တောင်းခံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရ သည်။

" ပြည်တန်ဆာအမှုတွေဆိုတော့ နေ့ချင်းပြီးတရားစွဲတယ်။ တရားဝင်စာရွက်စာတမ်းနဲ့ ဝင်ပြီလာတာ ၄ ယောက် ကျန်တဲ့ တရုတ်အမျိုးသမီးတွေက မူဆယ်အောက်လမ်းဘက်က ဝင်လာတယ်။ နိုင်ငံခြား သား တွေဖြစ်နေတာကြောင့် လဝက ကလည်းစစ်ဆေးနေတယ်။ အလှပြင်ဆိုင်အမည်ခံပြီး လုပ်ငန်း လိုင်စင်မရှိတာကိုလည်း စည်ပင်က စစ်ဆေးနေတယ်။ အဲဒီလိုစစ်ဆေးဖို့ အတွက် ရမန်တော့ယူထား တယ်" ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမေ ၂၄ ရက်တွင် ပြောသည်။

မေ ၂၂ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မှုခင်းအကူဌာနစုမှ ဒုရဲမှူး ညိုပု၊ တောင်ဥက္ကလာပမြို့မရဲစခန်းမှူး ဒုရဲမှူးရွှေဌေးနှင့်အဖွဲ့ဝင်များက တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာ လမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် လိုင်စင်မရှိ Oriental Spa အလှပြင်ဆိုင်အမည်ခံ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသည့် နေရာသို့ အသွင်းယူသက်သေတစ်ဦးကို ကြိုတင်မှတ်သားထားသည့် ကျပ် ၁၀ဝ၀ဝ တန် ၁၀ ရွက်၊ ငွေကျပ် ၅၀ဝ၀ တန်၁၉ ရွက်နှင့် အတူစေလွှတ်ခဲ့သည်။

ထို့နောက်သက်သေများနှင့်အတူ အဆိုပါ ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုင်ဒုတိယထပ်ရှိ အခန်းတစ်ခုအတွင်း အသွင်ယူသက်သေနှင့်အတူ ပြည့်တန်ဆာကိစ္စဆောင်ရွက်နေသည့် ကွမ်တုံမြို့ နေ မလီထင်(၂၂ နှစ်)အတူပျော်ပါးနေစဉ် ဖမ်းဆီးရမိခဲ့သည်။ ဆိုင်ကောင်တာအံဆွဲအတွင်းမှ ပြည့် တန်ဆာ ကိစ္စ ဆောင်ရွက်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်း များ နှင့် ကြိုတင်မှတ် သားထား သည့် ငွေကျပ် ၁၀ဝ၀ဝ တန် ၁၀ရွက်၊ ၅၀ဝ၀ တန် ၁၉ ရွက်အပါဝင် ပြည့်တန်ဆာလုပ်ကိုင်ရာမှ ရရှိ သည့် ငွေဟုယူဆရသည့် ကျပ် ၂၄၃၃၀၅၀ တို့ကို သိမ်းဆည်းရမိခဲ့ သည်။

ထို့အပြင် အခန်း ၁၈ ခန်းအတွင်းမှ ပြည့်တန်လုပ်ကိုင်ရာတွင်အသုံးပြုသည့် မွေ့ယာ၊ ခေါင်းအုံး၊ တဘက်များ နှင့် အမျိုးသားည အိပ်ဝတ်စုံများကိုသိမ်းဆည်းကာ  ပြည့်တန်ဆာလုပ်ကိုင်ရန်စောင့်ဆိုင်း နေသူ အမျိုးသမီး ၁၆ ဦကို လည်း ဖမ်းဆီးခဲ့သည်။  ဆိုင်ဒုတိယထပ်ရှိ မီးခံသေတ္တာကို သက်ဆိုင်ရာ က စစ်ဆေးရန် ဖွင့်ခိုင်းစဉ် ဖွင့်ပေးသူမရှိသောကြောင့် သော့ကျွမ်းကျင်သူ၏ အကူညီဖြင့်  ကောင်တာ ဝန်ထမ်း မမိုးမိုး(ခ)အားဖျင်၏ရှေ့တွင် ဖွင့်ဖောက်စစ် ဆေးခဲ့သည်။ ထို့အပြင်ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရာတွင်အသုံးပြုသည့် တရုတ်နိုင်ငံထုတ် စကားပြောစက် ၈ လုံးနှင့် အထိုင်စက် ၃ လုံးတို့ကို သိမ်းဆည်းခဲ့သည်။

မီးခံသေတ္တာအတွင်းမှ ကျပ် ၃၂၀၉၀ဝ၀ဝ ၊ ကန်ဒေါ်လာ ၆၃၆၉၊ တရုတ်ယွမ် ၁၁၇၀ဝ တို့နှင့် စာရွက် စာတမ်းများကို သိမ်းဆည်းခဲ့ပြီး အလှပြင် ဆိုင်ဗန်းပြပြီး ပြည့်တန်ဆာလုပ်ကိုင်သူ မလီထင် ပါ ၁၇ ဦးကို ဖမ်းဆီး အရေးယူခဲ့ပြီး တောင်ဥက္ကလာပမြို့မရဲစခန်းက ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၃(က)/ (ခ) အရ လည်းကောင်း၊ ဆိုင်မန်နေဂျာ ဖုန်အန်သင်းပါ (၁၁)ဦးကို  ပြည့်တန်ဆာနှိပ် ကွပ်ရေး ဥပဒေ ပုဒ်မ ၅(၁)ဖြင့် လည်းကောင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်ထားသည်။