တရားခံပြေးကို ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့

တရားခံပြေးကို ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့

ဝန်းသို့မြို့နယ်တွင် ပြည်သူဝန်ထမ်းကို တာဝန်ဝတ္တရားနှောက်ယှက်မှု ပြန်လည်ခုခံမှုတို့ဖြင့် တိမ်း ရှောင်နေသူတရားခံပြေးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် ဒဏ်ရာရရှိသေဆုံးခဲ့မှုဖြစ်ပွားခဲ့ကြောင်း ဝန်းသို့နယ်မြေရဲစခန်းက မေ ၂၄ ရက်နေ့ ကသိရသည်။

မေလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဝန်းသိုမြို့နယ်၊ ကျွဲခြံကူးကျေးရွာ၌ ဝန်းသိုမြို့မရဲစခန်း( ပ)၄၀/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၂၂၅/၁၁၄/ကျင့် ၅၁၂ အမှုမှ တရားခံပြေးကြေငြာထားသည့် သိုင်းအောင် မှာ ၎င်း၏ ဆွေမျိုးတော်စပ်သူ နေအိမ်သို့ရောက်ရှိနေကြောင်း သတင်းအရ ဝန်းသိုမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် ဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးစဉ် သိုင်းအောင်မှ ယာဘက်လက်တွင် အရိုး/အသွား(၈)လက်မခွဲခန့်ရှိ ဓားမြှောင် နှင့် ဝဲဘက်လက်တွင် အရှည်(၃)ပေခန့်ရှိ သစ်သားတုတ်(၁)ချောင်းကိုင်ဆောင်ကာ နေအိမ် အတွင်းမှ ပြေးထွက်လာပြီး ဝန်းသို ရဲစခန်းမှ ဒုတိယရဲအုပ် ရဲမင်းထွန်းကို ထိုး/ရိုက်သဖြင့် ဒုတိယရဲအုပ် ရဲမင်းထွန်းမှ .၃၈ ဗို့ ခြောက်လုံးပြူးဖြင့် တားဆီးပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်စဉ် သိုင်းအောင် တွင် ဝဲပေါင်ရင်း ဆီးခုံမှ နောက်တင်ပါးဆုံထိ ကျည်ဖောက် ထွက်ဒဏ် ရာရရှိခဲ့ပြီး သိုင်းအောင်မှ ဓားဖြင့် ထိုး၊ တုတ်ဖြင့်ရိုက်မှုကြောင့် ဒုတိယရဲအုပ် ရဲမင်းထွန်းတွင် ယာလက်ဖျံ/လက်မောင်း ဖူးရောင်ဒဏ်ရာများရရှိခဲ့သည်။

သေနတ်ဒဏ်ရာရရှိထားသည့် တရားခံပြေး သိုင်းအောင်ကို ဝန်းသိုဆေးရုံသို့ တင်ပို့ကုသစဉ် မွန်းတည့် ၁၂ နာရီတွင် သေဆုံးသွားသည်။

ဝန်းသိုမြို့မရဲစခန်း(ပ)၅၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃ (တာဝန်ထမ်း ဆောင်နေသော ပြည်သူ့ဝန် ထမ်းအား ပြင်းထန်နာကျင်စေမှု)ဖြင့် လည်းကောင်း၊ သိုင်းအောင် (သေဆုံး)မှုနှင့်ပတ်သက်၍ ဝန်းသိုမြို့ မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၄/၁၈)ဖြင့် လည်းကောင်း အမှုဖွင့် စစ်ဆေးလျက် ရှိသည်။