ညောင်ဦးမြို့နယ်တွင် ခမည်းခမက်ခြင်းမြေးဖြစ်သူကိုခေါ်ယူသည့်ကိစ္စ စကားများစဉ် ဓါးနှင့် ထိုးသတ် ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း မေ ၂၄ ရက်နေ့က တောင်ဇင်းနယ်မြေရဲစခန်းမှသိရသည်။
မေလ ၂၃ ရက်နေ့ ည ၉ နာရီခွဲ မိနစ်အချိန် ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာနေ ဒေါ်ဌေးရီ သည် သမီးဖြစ်သူ မသူဇာလှိုင် မှ ၎င်း၏ ခင်ပွန်း မင်းဇော်နှင့် ကွာရှင်းခဲ့သောကြောင့် တစ်ရွာတည်း နေ ခမည်းခမက်တော်စပ်သူ ဦးကြည်မြင့်(၅၁)နှစ် နေအိမ်သို့ သွားရောက်ကာ အသက် (၄)နှစ် အရွယ် မြေးဖြစ်သူကို သွားရောက်ခေါ်ယူခဲ့သည်။
ထိုသို့ခေါ်ယူစဉ် ဦးကြည်မြင့်၊ မင်းဇော်၊ မောင်ဖိုးဇော်(၂၇)နှစ်တို့(၃)ဦးဖြင့် စကားများ ရန်ဖြစ်ခဲ့သည်။ ထိုနေရာသို့ သမီးဖြစ်သူ မသူဇာလှိုင်(၂၀)နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးဝင်းထူး (၄၇)နှစ်တို့(၂)ဦးရောက်ရှိ လာစဉ် ဦးကြည်မြင့် က ဓားဖြင့်ထိုးခဲ့သောကြောင့် ခင်ပွန်းဖြစ်သူ ဦးဝင်းထူး တွင် ထိုးသွင်းဒဏ်ရာ များရရှိ ကာ သေဆုံးသွားခဲ့သည်။
သမီးဖြစ်သူ မသူဇာလှိုင်တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ဦးကြည်မြင့်ပါ(၃)ဦးကို အရေးယူပေး ရန်တိုင်ကြားခဲ့သည်။ တောင်ဇင်းရဲကင်းစခန်း (ပ)၉/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆/၁၁၄ အရ အမှုဖွင့်အရေးယူထား သည်။

















