ရွှေမိတောအတွင်း ဆင်နင်းခံရပြီး သေဆုံး​နေသည့် အမျိုးသားအလောင်းတွေ့

ရွှေမိတောအတွင်း ဆင်နင်းခံရပြီး သေဆုံး​နေသည့် အမျိုးသားအလောင်းတွေ့

သာပေါင်းမြို့နယ် ရွှေမိတောအတွင်း ဆင်နှင်းခံရပြီးသေဆုံးနေသည့် အမျိုးသားနှင့်ပတ်သက်၍ သတင်းပေးနိုင်ရန် သာပေါင်မြို့မရဲစခန်းက မေ ၂၅ ရက်က ထုတ်ပြန်ကြေညာထားသည်။

မေ ၂၄ ရက်နေ့ သာ​ပေါင်​းမြို့နယ်​၊ ကျွန်​းလျားကြီးအုပ်​စု၊ ​​ရွှေမိ(​ဒေသ​ခေါ်) ​တောအတွင်​း မီး​သွေးဖိုလုပ်​ကိုင်​သူ အမျိုးသာတစ်​ဦး ​တောဆင်​ရိုင်း ​နင်​းခံရပြီးသေဆုံး​ကြောင်​း သတင်းအရ သာပေါင်းရဲစခန်းမှသွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ အသက် ၄၀ ကျေ်ာ အမည်မသိ(စုံစမ်းဆဲ )အမျိုးသားအလောင်းဖြစ်ပြီး  ဦး​ခေါင်​းပြားချပ်​ ​ကြေမွ၊ အရိုးများကျိုး​ကြေ၊ ဝမ်းဗိုက်​ပွင်​့၍ အူများထွက်​​နေသည်​ကို သက်ဆိုင်ရာကစစ်ဆေးတွေ့ရှိခဲ့သည်။

​ပတ်​ဝန်​းကျင်​ရှိကျေးရွာများကို စုံစမ်​းရာတွင်​လည်​း မည်​သူမည်​ဝါ ဖြစ်​​ကြောင်​း မသိရှိရသဖြင်​့ အ​လောင်​းကို သာ​ပေါင်​း​ဆေးရုံသို့ပို့အပ်ထားကြောင်း သိရသည်။