မြို့သစ်၌ အမျိုးသား မိမိကိုယ်မိမိ ကြိုးဆွဲချသေဆုံး

မြို့သစ်၌ အမျိုးသား မိမိကိုယ်မိမိ ကြိုးဆွဲချသေဆုံး

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် အမျိုးသားတစ်ဦး အရက်ကြောင်ကာ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ဒန့်ဒလွန်ပင်နယ် မြေရဲစခန်းမှ သိရသည်။ မြို့သစ်မြို့နယ် ဆူးတပ်ကြီးကျေးရွာ တွင် မေ ၂၆ ရက် ည ၇ နာရီခွဲက လူတစ်ဦးကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၎င်းနေ့ ည ၇ နာရီက စိုးမင်းလတ် (၂၉) နှစ် ဆူးတပ်ကြီးကျေးရွာ မြို့သစ်မြို့နယ် နေသူမှာ နေအိမ်တွင် ပျောက်ဆုံးနေသဖြင့် ဖခင်ဖြစ်သူ ဦးစိုးလင်းနှင့် အစ်ကိုဖြစ်သူ အောင်ကျော်သူ တို့က ရွာထဲ၌ လိုက်လံရှာဖွေခဲ့ရာ မတွေ့ရှိဘဲ ရွာအပြင်ဘက်သို့ ထပ်မံလိုက်လံရှာဖွေခဲ့ရာ  ရွာအရှေ့ဘက် တစ်ဖာလုံခန့်အကွာ ရွာဦးဘုန်းတော်ကြီးကျောင်းအနီး ကန်ပေါင်ပေါ်ရှိ  မန်ကျည်းပင် တွင် ၈ တောင်ခန့်အမြင့်၌ ပလတ်စတစ်နှစ်ပင်လိမ် ကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းမှာအရက်အလွန်အကျွံ သောက်ပြီး အရက်ကြောင်ကြောင်ကာ မိမိ ကိုယ်မိမိကြိုးဆွဲချသေဆုံးခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။ စိုးမင်းလတ်သေဆုံးခြင်းနှင့် ပတ်သက်၍ ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းက သေမှု သေခင်းအမှတ်စဉ် ၁/ ၂၀၁၈ ဖြင့် အမှုဖွင့်ထားသည်။