လေးကောင်ဂျင်လောင်းကစားပြုလုပ်နေသူ ၆ ဦးကို ဖမ်းဆီး

လေးကောင်ဂျင်လောင်းကစားပြုလုပ်နေသူ ၆ ဦးကို ဖမ်းဆီး

ရမည်းသင်းမြို့နယ်တွင် လေးကောင်ဂျင်လောင်းကစားပြုလုပ်နေသူ ၆ ဦး ကို မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း မေ ၂၈ ရက်က ရမည်းသင်းမြို့မရဲစခန်းမှ သိရသည်။

မေ ၂၇ ရက်ညနေ ၃ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ အကူတပ်ဖွဲ့ဝင်များနှင့် ရမည်းသင်းမြို့မရဲစခန်းမှူးနှင့်အဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့သည် ရန်ကုန်-မန္တလေးကားလမ်းဟောင်းမှ (၃)ဖာလုံခန့်အကွာရှိ အောက်တောက်ကျေးရွာအနောက်ဖက်ရှိ ဝင်းမောင်၏ ယာတဲ အတွင်း လေးကောင်ဂျင်လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။

အဆိုပါယာတဲအတွင်း လေးကောင်ဂျင် ဒိုင်ပြုလုပ်သူ ဝင်းမောင် (၅၉ )နှစ်နှင့်အတူ ပျော်ဘွယ်မြို့နေ  ဝင်းမောင် (၅၈ ) နှစ်၊ တပ်ကုန်းမြို့နေ လွှမ်းမိုး (၃၂ )နှစ်၊ ရမည်းသင်းမြို့နေကျော်စိုးမင်း (၂၉) နှစ်၊ မြင့်စိုး (၅၅ )နှစ်နှင့်ဝေလင်း (၃၆) နှစ် တို့ကို လောင်းကစားပြုလုပ်နေစဉ် ဖမ်းဆီးရမိခဲ့သည်။

၄င်းတို့ထံမှ လေးကောင်ဂျင်လောင်းကစားရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ဂျင်လောင်းကစားပြုလုပ်သည့်တဲအနီး လောင်းကစားသူများ စီးနင်းလာသည့် ဆိုင်ကယ်မျိုးစုံ ၁၆ စီး၊ လောင်းကစား ပစ္စည်းမျိုးစုံ ၃၁ မျိုးနှင့် စုစုပေါင်းလောင်းကြေးကျပ် ၆၁၉၂၅ဝ တို့နှင့် အတူဖမ်းဆီးရမိခဲ့သည်။ 
ရမည်းသင်းမြို့မရဲစခန်းက (ပ)၁၆၅/၁၈ လောင်းကစား ပုဒ်မ ၁၃(က)/၁၄(က)အရ အမှုဖွင့်အရေး ယူထားသည်။