လူ၂ဦးကြိုးဆွဲချသေဆုံးမှု သက်ဆိုင်ရာက သေမှုသေခင်းဖွင့် လှစ်စစ်ဆေးနေ

လူ၂ဦးကြိုးဆွဲချသေဆုံးမှု သက်ဆိုင်ရာက သေမှုသေခင်းဖွင့် လှစ်စစ်ဆေးနေ

ထန်းတပင်မြို့နယ်တွင် လူ၂ဦးကြိုးဆွဲချသေဆုံးမှုသက်ဆိုင်ရာက သေမှုသေခင်းဖွင့် လှစ်စစ်ဆေး နေကြောင်း မေ၂၉ ရက်နေ့က ဇရပ်ကြီးနယ်မြေရဲစဲခန်းမှသိရသည်။

အဆိုပါနေ့ နံနက်၆နာရီခွဲခန့်အချိန် တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကင်မွန်းချုံကျေးရွာအုပ်စု ဇရပ်ကြီး-မြို့စိုးသွားကားလမ်းဘေးရှိ အမြင့်၁၀ပေခန့်ရှိ ကုက္ကိုပင်တွင် လူ ၂ ဦးသေဆုံးကြောင်း ဇရပ်ကြီး အုပ်ချုပ်ရေးမှူးဦးသိန်းတန်မှ အကြောင်းကြားသဖြင့် ရဲအုပ်မျိုးဝင်းထွန်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် သရက်တန်းကျေးရွာနေ ဇော်မျိုးခိုင် (ခ)ဘိုဘို၂၂နှစ်နှင့် ကိုးတိုင်ကျေးရွာနေ မပြုံးအိစံ (၂၀ နှစ်)တို့ ၂ ဦး ကျောချင်းယှက်လျက် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

ဇရပ်ကြီးနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၁၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။