မန္တလေးမြို့အတွင်း တုတ်ဓါးလက်နက်များဖြင့် အုတ်စုဖွဲ့ ဆိုင်ကယ်လုယက်မှုကျူးလွန်သူ ၁၅ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးခဲ့ရာက ဆိုင်ကယ် ၃၉ စီး လုယက်ခိုးယူမှု ပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မေ ၂၈ ရက်နေ့ က သတင်းထုတ်ပြန်ခဲ့သည်။
၄င်းတို့ ၁၅ ဦးစစ်ဆေးခဲ့ရာ ဖေဖော်ဝါရီ ၁၈ မှ မေ ၁၇ ရက်နေ့ တလတာအတွင်း ခိုးယူလုယက်ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
မန္တလေးမြို့အတွင်း မကြာခဏ အုပ်စုဖွဲ့ ဆိုင်ကယ်လုယက်မှုများအပါအဝင် ထိခိုက်နာကျင်စေမှုများ နှင့် ပတ်သက်၍ သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့ပြီး တလတာအတွင်းဖမ်းဆီးအရေးယူခဲ့သည့် အမှုများတွင် ဆိုင်ကယ် လုယက်/ ခိုးယူမှု(၃၄)မှုမှ ဆိုင်ကယ် ၃၉ စီး၊ ငှက်ကြီးတောင်ဓား ၅ ချောင်း၊ ကျင်စက်တုတ် ၁ ချောင်း၊ ပြောက်ကျားအနွေးထည် ၂ ထည်၊ ပြောက်ကျားဦးထုပ် ၂ လုံး၊ ဒူး/တံ တောင် အကာ ၄ ခု၊ ဦးထုပ် ၂ လုံး၊ အဝါရောင်ပြောက်ကျားဘောင်းဘီရှည်၂ ထည်၊ ကျည်ကာ အင်္ကျီ ၂ ထည်၊ လက်ကိုင်ဖုန်း ၇ လုံး၊ ကျပ် ၈၈,၇၀ဝ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမှုများမှ ကျူးလွန်သူ ၁၅ ဦးကို သက်ဆိုင်ရာက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉/၅၄၊ ၃၈၀/ ၃၈၀/၅၄ ၊ ၃၈၆/၁၁၄ တို့ အရ အသီးသီး အမှုဖွင့်အရေးယူခဲ့ထားသည်။

















