ကျပ်ပြင်မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုမှ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ခုနစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ

ကျပ်ပြင်မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုမှ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ခုနစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ရွှေညောင်ပင်ကျေးရွာ အုပ်စု စိန်အင်းရွာတွင် မေ ၁၇ ရက်က မိသားစု လေးဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူ ခုနစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ကျပ်ပြင်နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက မေ ၂၉ ရက်က ပြောသည်။

"  လောလောဆယ် အမှုမှာပါတဲ့ အောင်ပဒါန်းကျေးရွာရေပေးဝေရေးကော်မတီဝင် ဦးဒွဲလှ ပါ ခုနစ်ဦးဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ အမှုမှာပါတဲ့သူ တွေကိုလည်း ဆက်ပြီး စစ်ဆေးဖို့ ဆောင်ရွက်နေတယ်။တောင်ယာတွေမီးမတိုက်ဖို့နဲ့ ရေစီး ရေထွက်ရာ နေရာတွေမှာ သစ်ပင်တွေမခုတ်ဖို့ တားမြစ်တာကနေစကားများပြီး သေဆုံးသူမိသားစုအပေါ် ပြစ်မှုကျူးလွန်တယ်လို့ အစစ်ခံထားတယ်"  ဟု ကျပ်ပြင်မြို့နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ၄င်းတို့ကို မေ ၂၈ ရက်နေ့တွင် ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

'' ရေကိစ္စစကားများတယ်လို့တော့ ကျွန်တော်တို့ သိထားတယ်။ အတိကျတော့ ကျွန်တော်တို့ မသိရသေးဘူး" ဟု ကျပ်ပြင်ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးထွန်းကပြောသည်။

မေ ၁၇ ရက် မွန်းလွဲပိုင်းက လီဆူးလူမျိုးများဖြစ်ကြသည့် ဦးရန်တား (၄၉ နှစ်)၊ ဇနီး မအားလူမီး (၃၉ နှစ်)၊သား မောင်အလေး(၁၅ နှစ်)နှင့် သမီး မအဝူး (၁၀ နှစ်) တို့လေးဦးသည် စိန်အင်းကျေးရွာနှင့် ၁၀ မိုင်ခန့်ဝေးကွာသည့် တောင်ယာတောအတွင်း ဓါးဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရကြောင်း နေအိမ်တွင်ကျန်ရစ်ခဲ့သည့် ဦးရန်တား၏သားဖြစ်သူမောင်ရန်စီးတက်(ခ) အားတေ့က တိုင်ကြားသဖြင့် ကျပ်ပြင်နယ်မြေရဲစခန်းက(ပ)၈၆/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းစစ်ဆေးခဲ့သည့် အမှုဖြစ်သည်။