စီးပွားရေးကိစ္စစကားများရာက ယောက်ဖက ဓါးနှင့်ထိုးသဖြင့် သေဆုံး

စီးပွားရေးကိစ္စစကားများရာက ယောက်ဖက ဓါးနှင့်ထိုးသဖြင့် သေဆုံး

 တောင်တွင်းကြီးမြို့နယ်တွင် မိသားစု စီးပွားရေးကိစ္စစောင်းမြောင်းပြောဆိုရာမှ ယောက်ဖတော် စပ်သူက ဓါးဖြင့်ထိုးသတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း မေ ၂၉ ရက်က တောင်တွင်းကြီးမြို့ မရဲစခန်းမှ သိရသည်။ 

မေ ၂၈ ရက်ည ၁၀ နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ အုန်းတော (၂)ရပ်ကွက်နေ ဦးမြင့်သိန်း သည် တစ်ရပ်ကွက်တည်းနေ မယားညီအစ်ကို တော်စပ်သူ ဇော်မျိုး အောင်(၄၀)နှစ်၏နေအိမ်တွင်ရှိနေခဲ့သည်။ 
ထိုစဉ်ဇော်မျိုးအောင်၏ယောက်ဖတော်စပ်သူ ဇော်လင်းအောင် (၃၈)နှစ်ရောက်လာပြီး မိသားစု အိမ်တွင်းစီးပွားရေးနှင့်ပတ်သက်၍ စောင်းမြောင်း ပြောဆိုသည်ကို မကျေနပ်ရာက စကားများစဉ် မင်းကိုငါသတ်ချင်တယ်ဟုပြောဆိုကာ ဇော်လင်းအောင်က အရိုးအသွား(၆)လက်မခန့်ရှိ ခေါက်ဓားဖြင့် ထိုးခဲ့သည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ ဇော်မျိုးအောင်၏အလောင်းတွင်  ယာဘက်ရင်ညွတ်အား ထိုးသွင်း ခဲ့ရာ ဒဏ်ရာတစ်ချက် ရရှိသေဆုံးခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ တောင် တွင်းကြီး မြို့မရဲစခန်း(ပ)၁၆၇/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားသည်။