ကျောက်ဖြူမြို့နယ်တွင် အိမ်အပြန်လမ်းစရိတ်လိုအပ်ရာက မူလတန်းပြကျောင်းဆရာတစ်ဦးကို သေဆုံးအောင်ရိုက်နှက်ခဲ့ပြီး ရည်းစားဖြစ်သူထံမှ လက်ကိုင်ဖုန်းကို လုယူခဲ့သည်ဆိုသူကို သက်ဆိုင် ရာက ဖမ်းဆီးအရေးယူထားကြောင်း ကျောက်ဖြူမြို့မရဲစခန်းက မေ ၂၉ ရက်နေ့ကသိရသည်။
မေလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ဂါက်ကွင်းဝင်းအတွင်း အမျိုးသားတစ်ဦးအရိုက်ခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးနေ ကြောင်းသတင်းအရ ကျောက်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
ရဲတပ်ဖွဲ့၏အလောင်းစစ်ဆေးချက်အရ သေဆုံးသူတွင် ဝဲမျက်ခုံး/ ဦးခေါင်းထိပ် ပေါက်ပြဲ ဒဏ်ရာ(၂) ချက် ရရှိထားသည်ကိုတွေ့ရှိခဲ့သည်။ သေဆုံးသူ၏ ဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီအတွင်းမှ မင်းပြားမြို့နယ်၊ ပညာရေးမှူးရုံးမှ ထုတ်ပေး ထားသော ဦးဇော်သန်းအောင် အမည်ပါ ဝန်ထမ်း ကတ်(၁) ခု၊ ငွေစက္ကူရောရာ(၄၄,၈၀ဝ)ကျပ်တို့ကို သိမ်းဆည်းရမိခဲ့သည်။
သေဆုံးသူနှင့်ပတ်သက်၍ စုံစမ်းရာ မင်းပြားမြို့နယ်၊ဇီးကိုင်းသစ်ကျေးရွာနေ မူလတန်းပြကျောင်းဆရာ ဇော်သန်းအောင်(၂၄)နှစ် ဖြစ်ပြီး အလောင်းအနီးမှ ကျားစီး ဖိနပ်(၁)ရံ၊ မစီး ဖိနပ်(၁)ရံတို့ကို တွေ့ရှိခဲ့သောကြောင့် ကျောက်ဖြူမြို့မရဲစခန်း(ပ)၂၂၈/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့် စုံစမ်းခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်များအရ ဇော်သန်းအောင်သည် မေလ ၂၆ ရက်နေ့ ည ၉ နာရီ ခွဲ မိနစ်အချိန်တွင် ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်နေ (၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ဂေါက်ကွင်း အတွင်း၌ တွေ့ဆုံစဉ်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။ ရရှိသည့် သတင်းများအရ မြစ်နားတန်းရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးကို ခေါ်ယူ စစ်ဆေးခဲ့ရာ ယမန်နေ့ညပိုင်းက သန်းဇော်အောင်နှင့် ဂေါက်ကွင်းအတွင်း တွေ့ဆုံနေစဉ် ဂေါက်ကွင်း အနီးပင်လယ်ကမ်းစပ်ဘက်မှ အမျိုးသားတစ်ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး တုတ်ဖြင့်ရိုက် နှက်ခဲ့ ကြောင်း၊ ထို့နောက်
၄င်းကိုခြိမ်းခြောက်ကာ ကျောက်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက် နဂါးဘုန်းြ ကီး ကျောင်းအနီးသို့ ဆိုင်ကယ်ဖြင့် ပို့ဆောင်ခိုင်းပြီး ၎င်းထံမှ လက်ကိုင်ဖုန်း(၁)လုံးကိုလည်း လုယူခဲ့ ကြောင်း သိရသဖြင့် မေလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် နဂါးဘုန်းကြီး ကျောင်း အနီးနေထိုင်သူ အင်းစိန်မြို့နယ်၊ ဖော့ကန် ရပ်ကွက်နေ ကျော်ဇေယျ(ခ) ဖိုးဖြူ (၃၄) နှစ်ကို သက်သေခံဖုန်းနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
သေဆုံးမှုနှင့်ပတ်သက်၍ ကျော်ဇေယျ ကအိမ်ပြန်ရန်လမ်းစရိတ်လိုအပ်ရာက အဆိုပါအမှုကို ကျူးလွန် ခေဲ့ ကြာင်း ထွက်ဆိုခဲ့သောကြောင့် သက်ဆိုင်ရာက ဆက်လက်အရေးယူထားသည်။

















