မရမ်းကုန်းမြို့နယ်တွင် တရုတ်နိုင်ငံသားများလာရောက်တည်းခိုနေထိုင်မှုကို သက်ဆိုင်ရာသို့ အကြောင်းမကြားသည့် အိမ်ရှင်ဖြစ်သူကိုအရေးယူထားကြောင်း မရမ်းကုန်းမြို့မရဲစခန်းမှ မေ ၂၉ ရက်က သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှုခင်းအကူဌာနစုမှ ဒုတိယရဲမှူး ညိုပု ဦးစီးသော ပူးပေါင်းအဖွဲ့ သည် တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၅၈၉/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ အမှုနှင့်ပတ်သက်၍ စုံစမ်း ဆောင်ရွက်နေစဉ် အဆိုပါအမှုမှ တရုတ်နိုင်ငံသား လီရှောက်တုန်း ပါ (၂)ဦးနှင့်ပတ်သက်၍စုံစမ်း နေစဉ် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက် ဝန်ဇင်းလမ်း၊ အမှတ်(၇/က)ရှိ 3M Car Service Centre တွင် ၂၀၁၈ ခုနှစ်၊ ဧပြီလကုန်ပိုင်းမှ မေ ၉ ရက်နေ့ထိ တည်းခိုသွားကြောင်း သတင်းရရှိခဲ့သည်။
၄င်းတည်းခိုနေထိုင်သည့် အဆိုပါ 3M Car Service Centre သို့ မေ ၂၆ ရက် နံနက် ၁၁ နာရီအချိန်တွင် အမှုဖြင့် ဝင်ရောက်စစ်ဆေးစဉ် သက်ဆိုင်ရာသို့ အကြောင်းမကြားဘဲ တည်းခို နေထိုင်၍ အလုပ်လုပ်ကိုင်လျက်ရှိသည့် တရုတ်နိုင်ငံ Zhejiang မြို့ ကျင်းဟွာ ရပ်ကွက်နေ တရုတ် နိုင်ငံသား Mr. Yan Weihua(၄၂)နှစ်ပါ ကျား(၃)ဦးနှင့် လာရောက်လည်ပတ်ရန် တည်းခို နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံ၊ ကန့်ကျိုးပြည်နယ်၊ ကျန်စီမြို့နေ Mrs.Xie Suyun(၃၄)နှစ်ပါ ၆ ဦးတို့ကို တွေ့ရှိရသဖြင့် အိမ်ပိုင်ရှင် မအေးရှို(၄၅)နှစ်ကို အရေးယူထားပြီး တရုတ်နိုင်ငံသား များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ရဲတပ်ဖွဲ့က အကြောင်းကြားထားကြောင်း သိရသည်။
















