ဗိုလ်တထောင်မြို့နယ်တွင် ရထားနှင့်ရပ်ထားသည့် ကွန်တင်နာယာဉ်တို့ပွတ်တိုက်မိခဲ့ပြီး ရထား ကျပ် ၃သိန်းဖိုးခန့်ပျက်စီးဆုံးရှုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ဗိုလ်တထောင်မြို့မရဲစခန်းကသိရည်။
မေလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ဗိုလ်တထောင်မြို့နယ်၊ (၁)ရပ်ကွက်၊ သံလျှက်စွန်း လမ်းရှိ ဓနိတောရေနံသိုလှောင်ရုံမှ ဗိုလ်တထောင်ကုန်ရုံသို့ စက်ခေါင်း မောင်း အဆင့်(၄) ဦးဝင်းညွန့် (၅၂)နှစ် မောင်းနှင်လာသော စက်ခေါင်းအမှတ် DD-517 နှင့် ၎င်းအား ချိတ်ဆက်ထားသည့် ကုန်တွဲ အမှတ် GBHV-40185 ပါ ရထားသည် ICD II ကုန်သေတ္တာတင်ဝင်းရှေ့အရောက်၌ ရထားသံလမ်းနှင့် လွတ်ကင်းအောင် ရပ်ထားခြင်း မရှိသော မလှိုင်မြို့နယ်၊ အုတ်ကြီးရွာနေ ချစ်မော်ဦး(၂၁)နှစ် မောင်းသည် ဖူဆိုအမျိုးအစား ကွန်တိန်နာယာဉ်နှင့် ပွတ်တိုက်မိခဲ့သည်။
ယာဉ်နှင့်ရထားတိုက်မိမှုကြောင့် ရထားစက်ခေါင်းလက်ရမ်းတိုင် ၅ တိုင် တန်ဖိုး ကျပ်(၃) သိန်း ပျက်စီးဆုံးရှုံး ခဲ့သောကြောင့်ယာဉ်မောင်း ချစ်မော်ဦး ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ဗိုလ်တ ထောင်မြို့မရဲစခန်း(ပ)၂၀၆/၁၈၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၅ အရ အမှုဖွင့် အရေး ယူထားသည်။
















