ဥယျာဉ်ခြံအတွင်းလမ်းဖောက်ယူစဉ် စစ်ကျန်ဗုံးသီးတစ်လုံးတွေ့ရှိ
ကျောက်တန်းမြို့နယ်ရှိ ဥယျာဉ်ခြံအတွင်းလမ်းဖောက်ယူစဉ် စစ်ကျန်ဗုံးသီးတစ်လုံးတွေ့ရှိခဲ့ကြောင်း မြို့မရဲစခန်းကသိရသည်။
မေလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ကျောက်တန်းမြို့နယ်၊ စံချိန်မီရပ်ကွက်နေ ဒေါ်ခင်မြင့်အေး၏ မြေကွက်အမှတ်(၆၁၉) ကျိုက္ကမောက်ကွင်းရှိ ဥယျာဉ်ခြံမြေ အတွင်းလမ်းဖောက် ရန် အတွက် မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်နေ ကိုချေ မှ ဘက်ဖိုးယာဉ်ဖြင့် မြေများအား ကုတ်ယူစဉ် အလျား ၁၄ လက်မ၊ အချင်း ၄.၅ လက်မ၊ လုံးပတ် ၁၆ လက်မ၊ နောက် ပိတ်အချင်း ၄.၅ လက်မ၊ ထိပ်ဖူးအချွန် စစ်ကျန်ဗုံးသီးဟောင်း ၁ လုံး(မကောင်းကို တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့အပ်နှံခဲ့သည်။
အဆိုပါ ဗုံးသီးဟောင်းကို ကျောက်တန်းမြို့နယ်ရဲတပ်ဖွဲ့မှတဆင့် တပ်မတော်တော်လွဲပြောင်း ပေး အပ်ခဲ့ ကြောင်း သိရသည်။
















