ဆက်သွယ်ရေးကုမ္ပဏီပိုင်ပစ္စည်းများတင်ဆောင်လာသည့် ၆ ဘီးယာဉ်မီးလောင်

ဆက်သွယ်ရေးကုမ္ပဏီပိုင်ပစ္စည်းများတင်ဆောင်လာသည့် ၆ ဘီးယာဉ်မီးလောင်

စစ်တွေမြို့နယ်တွင် ဆက်သွယ်ရေးကုမ္ပဏီပိုင်ပစ္စည်းများတင်ဆောင်လာသည့် ၆ ဘီးယာဉ် မီးလောင်ခဲ့ကြောင်း မင်းပြားနယ်မြေရဲစခန်းကသိရသည်။

မေ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၂၀ အချိန်ခန့်တွင် ရန်ကုန် - စစ်တွေ ကားလမ်း မိုင်တိုင်(၉၀/၇)နှင့် (၉၁)ကြား ဖားပျော်(ရခိုင်)ကျေးရွာအနီးတွင် MPT ဆက်သွယ်ရေးကုမ္ပဏီမှ တာဝါတိုင်ပစ္စည်းများ သယ်ဆောင် လာသော အေးသောင်း(၂၇)နှစ်မောင်းနှင်ပြီး ငတောက် (ခ)နေအောင်(၂၅)နှစ်တို့ လိုက်ပါ လာသည့် ၆ ဘီးကင်တာယာဉ် ကားဘတ္ထရီရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် ယာဉ်ကိုပေါ့ဆစွာ အသုံးပြုသည့် အေးသောင်း ကို မင်းပြားမြို့မရဲစခန်း (ပ) ၁၁၅/ ၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားသည်။