အင်းစိန်မြို့နယ် အောင်ဇေယျတံတားပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုသေကြောင်းကြံစည်ခဲ့သည်ဆိုသူကို အမှုဖွင့်အရေးယူထားကြောင်း အင်းစိန်မြို့မရဲစခန်းမှ မေ ၂၉ ရက်နေ့က သိရသည်။
မေ ၂၈ ရက်နေ့ သန်းခေါင်းကျော် နံနက် ၁၂ နာရီ ခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ် အောင်ဇေယျကြိုး တံတားပေါ်မှ လူတစ်ဦးခုန်ချကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့ပြီး အင်းစိန်ဆေးရုံသို့ ဒဏ်ရာများ ဖြင့် ရောက်ရှိ နေကြောင်သတင်းအရ ဒုရဲအုပ်စိုးဦးနှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့သည်။
သေကြောင်းကြံစည်သူမှာ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်နေ ဇာနည်အောင်(၂၅ နှစ်)ဖြစ်ပြီး နဖူးဖူးရောင်ဒဏ်ရာ၊ ဝဲ/ယာမျက်ခုံးဖူးရောင်ပေါက်ပြဲဒဏ်ရာ၊မေးစေ့ပေါက်ပြဲ နှာခေါင်းသွေး ထွက်ဒဏ်ရာ၊ ဝဲ/ယာခြေသလုံးဖူးရောင်မို့ ဒဏ်ရာများရရှိထားသည်ကို တွေ့ရှိသဖြင့် အင်းစိန်ဆေးရုံမှ တစ်ဆင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသခဲ့သည်။
ဒုရဲအုပ် စိုးဦးနှင့်အဖွဲ့က အခင်းဖြစ်ရပ်နှင့်ပတ်သက်စုံစမ်းချက်အရ လှိုင်မြစ်ကမ်းနားဖူးတံတားတိုင်ခြေ မှ ၂ တိုင်မြောက် ဓနသိဒ္ဒိလမ်းနှင့် တံတားချဉ်းကပ်လမ်းယာဘက်ထောင့် အမြင့်ပေ ၄၀ မှ ကွန်က ရစ်လမ်းမပေါ်သို့ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း တံတားအောက်တွင် ရပ်ကွက်အခြေပြုရုံး တွင် တာဝန်ထမ်းဆောင်နေသည့် ရာအိမ်မှူး ဦးဇော်လင်း၏ ပြောပြချက်အရသိရသည်။
အင်းစိန်မြို့မရဲစခန်းက (ပ)၁၀၂၆/၁၈ ရာဇသတ်ကြီးဥပေဒပုဒ်မ ၃၀၉ အရ အမှုဖွင့်အရေးယူ ထား သည်။
















