လှိုင်သာယာမြို့နယ်တွင် အသက် ၅၀ ကျော်အရွယ် အဆောင်ငှားရမ်းနေထိုင်သူက ပိုင်ရှင်မဲ့ ခွေးဖြူမကို ကာမဆက်ဆံခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက မေ ၃၁ ရက်က အမှုဖွင့်အရေးယူခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ သိရသည်။
အဆိုပါနေ့ ည ၁၀ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ် ညောင်ရွာဆယ်အိမ်မှူးအမျိုးသားနေအိမ်တွင်ရှိနေစဉ် အိမ်နီးချင်းနေထိုင်သူ သန်းဇော်ဦး (၅၂ နှစ်)၏ နေအိမ်မှ ခွေးအော်သံကြားသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ သန်းဇော် က ၄င်း၏ အခန်းအပေါက်ဝတွင် ရပ်ကွက်အတွင်းမှ ပိုင်ရှင်မဲ့ ခွေးဖြူမ တစ်ကောင်ကို ဓမ္မတာနှင့်ဆန့်ကျင်ကာ ကာမဆက်ယှက်နေသည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
"အရှက်တရားနဲ့ နေကြတယ်။ တစ်လမ်းလုံးလည်းသိနေတာကြောင့် ကျွန်တော်တို့ ရာအိမ်မှူးက အမှုဖွင့်ခဲ့တာ။ ဒီလိုမျိုးလုပ်ကိုင်နေတာ ၃ ခါလောက်ရှိနေပြီလို့ လည်း ပတ်ဝန်းကျင်က မြင်နေလို့ အခုလို ဆောင်ရွက်ခဲ့တာပါ" ဟု ညောင်ရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော် ကပြောသည်။
အမှုဖွင့် အရေးယူခံရသူ အမျိုးသားမှာ သူငယ်ချင်းဖြစ်သူနှင့်အတူ အဆောင်ငှားရမ်းနေထိုင်သူဖြစ်ပြီး ယခုကဲ့သိုပြုမူနေထိုင်မှုများကို ပတ်ဝန်းကျင်က သိရှိခဲ့ခြင်းဖြစ်သည်။
လှိုင်သာယာမြို့မရဲစခန်းက (ပ)၂၀၂၄/၁၈ ရာဇသတ်ကြီးဥပေဒပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
















