ငါးဂိမ်းလောင်းကစားပြုလုပ်သူ ၄ ဦးကို မြစ်ငယ်ရဲစခန်းကအရေးယူ

ငါးဂိမ်းလောင်းကစားပြုလုပ်သူ ၄ ဦးကို မြစ်ငယ်ရဲစခန်းကအရေးယူ

အမရပူရမြို့နယ်တွင် ငါးဂိမ်းလောင်းကစားပြုလုပ်သူ ၄ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့ ကြောင်း မြစ်ငယ်နယ်မြေရဲစခန်းက သိရသည်။

မေ ၃၁ ရက်နေ့ နံနက် ၂ နာရီ ၃၅ အချိန်ခန့်တွင် မြစ်ငယ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ငါးဂိမ်းလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ နတ်ရေကန်ကျေးရွာအုပ်စုနေ စိုးနိုင် ၃၅ နှစ်၏နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့သည်။

အဆိုပါနေအိမ်တွင် စိုးနိုင်နှင့် ပျဉ်းမနားမြို့နေ မန်နေဂျာ နေမျိုးမြင့် ၃၀ နှစ် ၊ ဂိမ်းလောင်းကစားနေသူ ဝေသူကျော် ၂၄ နှစ်၊ ၊ မြင့်ဇော်ဦး ၃၆ နှစ် တို့ကို ငါးဂိမ်းလောင်းကစားရာတွင် အသုံးပြုသည့် တရုတ်နိုင်ငံလုပ် ငါးဂိမ်းစက် ၁ လုံး၊ လောင်းကြေးငွေ ၁၁၁၇၅၀ ကျပ်၊ လက်ကိုင်ဖုန်း ၂လုံးတို့နှင့်အတူ ဖမ်းဆီးရမိသောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

မြစ်ငယ်နယ်မြေရဲစခန်း(ပ)၁၆၇/၁၈၊ လောင်းကစားပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့်အရေးယူ ထားသည်။