မသင်္ကာဖွယ်တွေ့ရှိသူကို စစ်ဆေးစဉ် ဆိုင်ကယ် ၁၂ စီးခိုးမှု ပေါ်ပေါက်

မသင်္ကာဖွယ်တွေ့ရှိသူကို စစ်ဆေးစဉ် ဆိုင်ကယ် ၁၂ စီးခိုးမှု ပေါ်ပေါက်

ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိသူကို စစ်ဆေးရာက ဆိုင်ကယ် ၁၂ စီးခိုးမှု ပေါ်ပေါက်ခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဇွန် ၁ ရက်နေ့က ထုတ်ပြန်သည်။

မေ ၃၀ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များသည် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ရန်ကုန်-မန္တလေးမီး ရထား လမ်းအနီးတွင် ခိုးမှုများကျူးလွန်ထားသည်ဟု သတင်းရရှိထားသူ ရန်ကုန် သာကေတ မြို့နယ်နေ အောင်မင်းဦး(ခ)မင်းမင်း ၄၄ နှစ် တွေ့ရှိစစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ မေ၂၈ ရက်နေ့ နံနက် ၂ နာရီအချိန် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥ သျှောက်ရပ်ကွက်၊ မဟာမုနိဘုရားကြီးတောင်ဘက်၊ အာသောကရာမဘုန်းကြီးကျောင်းဝန်းအတွင်း ရပ်ထားသော Honda Wave-110 ဆိုင်ကယ်အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံ ဆိုင်ကယ်ကို သိမ်းဆည်းပြီး ဆက်လက်စစ်ဆေးခဲ့ရာ ဆိုင်ကယ် ၁၂ စီးခိုးမှုပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက အောင်မင်းဦး(ခ)မင်းမင်းခိုးယူခဲ့သည့် ဆိုင်ကယ်များကို သိမ်းဆည်းခဲ့ပြီး း ချမ်းမြသာစည်မြို့မရဲစခန်း(ပ)၁၅၉/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အသီသီး အမှုဖွင့်အရေး ယူထားသည်။