တောင်ငူမြို့နယ်တွင် စိတ်ကြွဆေးပြား သိန်း ၅၂၀ ဖိုးခန့် ဖြန့်ဖြူးရောင်းချသူများကို ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဇွန် ၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။
အဆိုပါနေ့ နေ့လည် ၂ နာရီ အချိန် တောင်ငူမြို့၊ ၁၉ ရပ်ကွက်၊ သီတာလမ်း ပေါ်တွင် မူးယစ်သတင်းအရ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲအုပ်သန်းစိုး နှင့်အဖွဲ့သည် ရန်ကုန်-တောင်ငူ ကားလမ်းနှင့် သီတာလမ်းထောင့်တွင် ရပ်တန့်ထားသော YGN 5E/9471 နံပါတ်တပ် Crown အဖြူရောင် မော်တော်ယာဉ် မသင်္ကာသဖြင့် စောင့်ကြည့်ခဲ့သည်။
အဆိုပါယာဉ်ပေါ်မှ အမျိုးသား၂ ဦး၊ အမျိုးသမီး ၂ ဦး ဆင်းလာသည်ကို မသင်္ကာဖွယ်တွေ့ရ၍ သက်သေများ နှင့်အတူ စစ်ဆေးရှာဖွေခဲ့ရာ မိုးပွန်မြို့ စိုင်းထွန်း ၃၈ နှစ် ၊ ဖယ်ခုံမြို့နေ ဒေါ်မွန်း ၄၈ နှစ်၊ လိပ်သိုမြို့ စိုးဝင်း ၄၉ နှစ် နော်နာညေးဇဲ ၆၁ နှစ် တို့ကို စစ်ဆေးခဲ့သည်။
စိုင်းထွန်းနှင့် ဒေါ်မိုး တို့ ၂ ဦး ဆွဲလာသည့် လက်ဆွဲခြင်းအတွင်းနှင့် ဇော်ဝင်း၊ နော်နာညေးဇဲ တို့၏ ဝတ်ဆင်လာသော အဝတ်အစားများအတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား ၁၀ဝ၃၁၀ပြား၊ အစိမ်းရောင် စိတ်ကြွဆေးပြား ၁၀၄ ပြား၊ စုစုပေါင်း (၁၀၄၁၄)ပြား(တန်ဖိုး ၅၂၀၇၀ဝ၀ဝကျပ်) တို့ကို တွေ့ရှိ သိမ်းဆည်းရမိသောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ တောင်ငူမြို့ရဲစခန်း မယ(ပ)၆/၁၈ ဖြင့် အမှုဖွင့် အရေးယူထားပြီး ဆက်လက်စစ်ဆေးလျက်ရှိသည်။

















