အရက်ကြောင်ကြောင်ကာ လူတစ်ဦးဆွဲကြိုးချသေဆုံး

အရက်ကြောင်ကြောင်ကာ လူတစ်ဦးဆွဲကြိုးချသေဆုံး

တောင်တွင်းကြီးမြို့တွင် အရက်ကြောင်ကြောင်ကာ လူတစ်ဦးဆွဲကြိုးချသေဆုံးခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း ဇွန် ၄ ရက်က တောင်တွင်းကြီးမြို့မရဲစခန်းမှ သိရသည်။ 

ဇွန် ၃ ရက် နံနက် ၆ နာရီ မိနစ်၅၀ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် မောင်းတိုင်(၂) ရပ်ကွက် အပိုင်း ၄ ရှိ နေအိမ်တစ်အိမ်တွင် ဆွဲကြိုးချသေဆုံးမှုဖြစ်ပွားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်အရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။ 
သေဆုံးသူမှာ ဆင်ပေါင်ဝဲမြို့နယ်နေ အမျိုးသားတစ်ဦးဖြစ်ပြီး ဆွေမျိုးတော်စပ်သူနေအိမ်၏ မြောက်ဘက်အိမ်တွင် ပန်းရံလုပ်ငန်းလာရောက်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။ 
၄င်းမှာ အရက်အလွန်အကျွံသောက်သုံးသူတစ်ဦးဖြစ်ပြီး ဆွေမျိုးတော်စပ်သူ၏နေအိမ် အလွတ်တွင် တစ်ဦးတည်းခေတ္တတည်းခိုစဉ် အမြင့် ၇ ပေရှိ ထုတ်တန်းတွင် ဆိုင်ကယ်ကြိုးကို အသုံး ပြုကာ ဆွဲကြိုးချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
အလောင်းကိုတောင်တွင်းကြီး ဆေးရုံသို့ပို့အပ်ခဲ့ ပြီးတောင်တွင်းကြီးမြို့မစခန်းကသေမှုသေခင်းအမှတ်စဉ် အမှတ်စဉ်(၁၆/၁၈) ဖြင့်အမှုဖွင့်စစ် ဆေးလျက်ရှိသည်။