လွိုင်ကော်မြို့တွင် ယမ်းချောင်း ၄၈၀ဝ နှင့် ဒီတိုနေတာ ၄၀ဝ၀ သိမ်းဆည်းရမိ

လွိုင်ကော်မြို့တွင် ယမ်းချောင်း ၄၈၀ဝ နှင့် ဒီတိုနေတာ ၄၀ဝ၀ သိမ်းဆည်းရမိ

လွိုင်ကော်မြို့ရှိ စက်မှုဇုန်ယာဉ်ကြီးရပ်နားစခန်းသိုလှောင်ရုံခန်းတွင် ယမ်းချောင်း ၄၈၀ဝနှင့် စနက်တံ တွဲထားသည့် ဒီတို နေတာ ၄၀ဝ၀ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ဇွန် ၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာ စက်မှုဇုန်ရှိ ယာဉ်ကြီးရပ်နားစခန်းသိုလှောင်ရုံသို့ ကယားပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားမှုဖြင့် ကယားပြည်နယ် သတ္တုတွင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်သည့်အဖွဲ့ကရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့သည်။ 
ဒေါ်မြမြစိမ်း(ခ)အားတုံ(၄၃)နှစ် ငှားရမ်းထားသည့် အဆိုပါ စက်ရုံ သိုလှောင်ရုံအခန်းအမှတ် (၉/၁၀)အတွင်း၌ စက္ကူဖာဖြင့်ထည့်ထားသည့် အရှည် ၉ လက်မ၊ လုံးပတ် ၃ လက်မ ခန့်ရှိ ယမ်း ချောင်း ၄,၈၀ဝ ချောင်း၊ အရှည် ၁၂ ပေခန့်ရှိ အဖြူရောင်စနက်တံကြိုးနှင့် တွဲလျက် အရှည် ၂ လက်မခန့်ရှိအနက်ရောင် ဒီတိုနေတာ ၄,ဝ၀ဝ ချောင်းတို့အား သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
လွိုင်ကော်မြို့မရဲစခန်းမှ (ပ)၉၄/၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့် အရေးယူထားသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး