မိုဘိုင်းငွေလွှဲအကောင့်မှ ကျပ် ၂၁ သိန်းကျော် လိမ်လည်ထုတ်ယူသူကို အမှုဖွင့်

မိုဘိုင်းငွေလွှဲအကောင့်မှ ကျပ် ၂၁ သိန်းကျော် လိမ်လည်ထုတ်ယူသူကို အမှုဖွင့်

မိတ္ထီလာတွင် မိုဘိုင်းငွေလွွှဲအကောင့်တစ်ခုမှ ကျပ် ၂၁ သိန်းကျော်လိမ်လည်ထုတ်ယူခဲ့သည် ဆိုသူကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း အမှတ် ၂ နယ်မြေရဲစခန်းမှ သိရသည်။ 

ဇွန် ၁ ရက် နံနက် ၈ နာရီ မိနစ် ၂၀အချိန်ခန့်တွင် မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက် နေ ကိုကျော်ဆန်းဝင်းသည် ၎င်းဖွင့်လှစ်ထားသည့် ပတ်ကားမိုဘိုင်းဖုန်းအရောင်းဆိုင် တွင်ရှိနေစဉ် အမျိုးသားတစ်ဦးရောက်ရှိလာပြီး ၄င်း၏ဖုန်းအတွင်းသို့ ကျပ် ၅၀ဝ၀ဝ ဖိုး ဝယ်ယူလိုကြောင်းပြော၍ ငွေဖြည့်ပေးခဲ့သည်။ 
နံနက်၈ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် ဖုန်းငွေဖြည့်ခိုင်းသည့် အမျိုးသားထပ်မံရောက်ရှိ လာပြီး ငွေမဝင်ကြောင်းပြောဆိုကာ Wave Money မက်ဆေ့စ်ကို တောင်းယူကြည့်ရှု ခဲ့စဉ် ဆိုင်မှပိုင်ဆိုင်သည့် အကောင့်အတွင်းမှငွေကျပ်စုစုပေါင်း ၂၁၂၅၀ဝ၀ ကျပ် လျော့နည်းနေသည်ကိုတွေ့ရသည်။ 
ငွေလျော့နည်းပျောက်ဆုံးနေမှုကိုစုံစမ်းရာ ပြည်သာယာ ( တောင်)ရပ်ကွက် ရှိမိုးမခစတိုးဆိုင်(Wave Money ငွေလွှဲဆိုင်)မှ အလုပ်သမားဖြစ်သူပျော်ဘွယ်မြို့နေ မောင်မောင်တင့် ၃၁ နှစ်က ထုတ်ယူသွားကြောင်းသိရသဖြင့် ဆိုင်၏လျှို့ဝှက်အကောင့်နံပါတ်ခိုးယူပြီးငွေများလိမ်လည်ထုတ်ယူသွားသူကို ဇွန် ၃ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ 
အမှတ် ( ၂ ) နယ်မြေရဲစခန်းက ၄င်းအား ( ပ) ၁၇၆ /၁၈ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဂ) အရ အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။