ဒလမြို့ ရွံရေမြောင်းအတွင်း ရေနစ်သေဆုံးနေသည့် လူသေအလောင်းတွေ့ရှိ
ဇွန် ၅ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်တွင် ဒလမြို့ ရာဇသင်္ကြန် ရပ်ကွက် ကနောင်လမ်းမကြီးနှင့် အုတ်လှငယ်လမ်းဆုံ ရွံရေမြောင်းထဲတွင် ရေနစ်သေဆုံးနေသည့် လူသေအလောင်းတွေ့ရှိခဲ့ကြောင်း ဒလမြို့မရဲစခန်းက သိရသည်။
သေဆုံးသူမှာ ဒလမြို့နေ ဦးကျော်မင်း (၅၇) နှစ်မျက်နှာစိုက်ကာ မှောက်လျက်အနေအထားဖြင့် ရေနစ်သေဆုံးနေသည်ကို တွေ့ရပြီး သက်ဆိုင်ရာက ရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ အလောင်းကို ဆေးရုံသို့ပို့အပ်ကာ သေမှုသေခင်းဖွင့်လှစ်စစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းအရသိရသည်။
















