ဆိုင်ကယ်နှင့်ရထားတိုက်မိပြီး ကျောင်းဆရာမသေဆုံး

ဆိုင်ကယ်နှင့်ရထားတိုက်မိပြီး ကျောင်းဆရာမသေဆုံး

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့ အိုဘို- ဒေါနဘူတာအကြား ဆိုင်ကယ်နှင့်ရထားတိုက်မိခဲ့ပြီး ကျောင်းဆရာမတစ်ဦးသေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့မရဲစခန်းမှ ဇွန် ၅ ရက်က သိရသည်။ 

ဇွန် ၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပုသိမ်ကြီးမြို့နယ် အိုးဘို-ဒေါနဘူတာ မိုင်တိုင် (၃၆၂/၁၅-၁၆)ကြား တရားမ၀င်သံလမ်းကူးသို့   ပုသိမ်ကြီးမြို့နေ ကျောင်းဆရာမ ဒေါ်နုနုထွေး (၃၀ နှစ်) မောင်းနှင်သည့် ဆိုင်ကယ်မှ ဖြတ်သန်းစဉ်  အမှတ်(မ-၄၄) အစုန်ရထားမှ  ဝင်ရောက်တိုက်မိခဲ့သည်။
 ဒေါ်နုနုထွေးတွင် ပွန်းပဲ့ဒဏ်ရာ များရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ညနေ ၆ နာရီ မိနစ်၄၀  အချိန်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။  
ပုသိမ်ကြီးမြို့မရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် (၁၄/၁၈)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။